Thursday 31 December 2015

ပြည်ပစိတ်ဝင်စားမှုများကြောင့် လာမည့်နှစ် ကော်ဖီဈေးကောင်းနိုင်ကြောင်း လုပ်ငန်းရှင်များခန့်မှန်း

ပြည်တွင်းဝယ်လိုအား မြင့်တက်လာခြင်းနှင့် နိုင်ငံတကာ ဈေးကွက်က ကော်ဖီဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်း ကြောင့်ယခင်နှစ်မှစ၍ကော်ဖီဈေး စတင်မြင့်တက်လာပြီး၂၀၁၆တွင် ဈေးပိုမိုကောင်းနိုင်ကြောင်းကော်ဖီစိုက်ပျိုးရောင်းချသူများက ခန့် မှန်းနေကြသည်။
ပြည်တွင်းရှိ ကော်ဖီအမှတ် တံဆိပ်အချို့နှင့် ကော်ဖီကုန် ကြမ်းထုတ်လုပ်သည့် စက်ရုံသစ် များ တည်ဆောက်လာမှုကြောင့် ယခင်နှစ် ကော်ဖီရာသီချိန်မှစ၍ ကော်ဖီဈေး စတင်မြင့်တက်လာ ပြီး ဂျပန်၊ ဆွစ်ဇာလန်၊ အီတလီ နှင့် ကိုရီးယားနိုင်ငံတို့က မြန်မာ ကော်ဖီကိုဝယ်ယူရန် ကမ်းလှမ်းမှု များရှိလာသည့်အတွက် ၂၀၁၆ ၌ ဈေးကောင်းပိုမိုရရှိရန် ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံကော်ဖီ အသင်းဥက္ကဋ္ဌ ဦးရဲမြင့်ကပြော သည်။

‘‘ကော်ဖီသန့်စင်စက်ရုံတွေ ပြည်တွင်းမှာ သေချာလုပ်လာတဲ့ အတွက် အရည်အသွေးက နိုင်ငံ တကာအဆင့်မီဖြစ်လာတော့ ၀ယ်လိုအားကောင်းလာတယ်။ NGO ကနေ လုပ်တဲ့နည်းပညာ ဆိုင်ရာ ကော်ဖီအသင်းတွေ၊နိုင်ငံ တကာက ၀ယ်သူတွေစိတ်ဝင်စား မှုမြင့်တက်လာတဲ့အတွက် ဈေး ကောင်းရလာတာ အခုဆို ၂ နှစ် လောက်ပဲရှိပါတယ်’’ဟု ဦးရဲမြင့် ကဆိုသည်။

ပြီးခဲ့သည့် ၂ နှစ်မတိုင်မီက ကော်ဖီအသီး အစိုတစ်ပိဿာ လျှင် ကျပ် ၃၀၀ ခန့်သာပေါက်ဈေး ရှိခဲ့သဖြင့် ကော်ဖီစိုက်ပျိုးရန် တောင်သူများ စိတ်ဝင်စားမှုလျော့ ကျခဲ့သော်လည်း ၂၀၁၄ မှစတင် ၍ ကော်ဖီထုတ်လုပ်မှု အရည်အ သွေးကောင်းလာသည့်အတွက် တစ်ပိဿာလျှင်ကျပ်၈၅၀မှ ၉၀၀ အထိ ဈေးနှုန်းစတင်မြင့်တက် ခဲ့ကြောင်း ကော်ဖီစိုက်ပျိုးရောင်း ချသူများထံမှ သိရသည်။

ထို့ကြောင့် ယခုနှစ်ကော်ဖီ ရာသီချိန်ဖြစ်သည့် ဒီဇင်ဘာတွင် ကော်ဖီသီးအစိုတစ်ပိဿာလျှင် ၈၀၀ ကျပ်ဈေးဖြင့် ဈေးစတင်ဖွင့် ခဲ့ပြီး ယခင် ၂၀၁၄ ထက် ကော်ဖီ ဈေးပိုမိုကောင်းရန် ခန့်မှန်းထား ကြောင်း ပြင်ဦးလွင်မြို့ရှိ ကော်ဖီ စိုက်ပျိုးရောင်းချသူအချို့က ပြော သည်။

‘‘အရင်က တရုတ်နိုင်ငံ နယ် စပ်ကနေတစ်ဆင့် ဈေးနှိမ်ဝယ် တယ်။ သူတို့ပဲ ၀ယ်လက်ရှိရာက နေ အခုဆိုရင် နိုင်ငံတကာ ကော် ဖီဝယ်သူတွေက မြန်မာကော်ဖီကို စိတ်ဝင်စားမှု မြင့်တက်လာတယ်။ ဒေါ်လာဈေးတက်တော့ ကော်ဖီ သီးတစ်တန်ကို ဒေါ်လာ ၃,၈၀၀ရှိ လာပြီး မနှစ်ကစပြီးဂျပန်ကိုလည်း ပို့ရတယ်။ ပြီးတော့ ပြည်တွင်း ကော်ဖီလုပ်ငန်းတွေမှာလည်း ကော်ဖီသီးအစိုရော၊ လှော်ပြီး သား ကုန်ကြမ်းရော နှစ်မျိုးစလုံး ၀ယ်လိုအားမြင့်တက်လာတယ်’’ ဟု ပြင်ဦးလွင်မြို့ရှိ စည်သာ ကော်မတီမှ ဦးမင်းလှိုင်ကပြော သည်။

မြန်မာနိုင်ငံတွင် စက်မှုသီးနှံ ဖြစ်သည့်ကော်ဖီကို အဓိကသီးနှံ အနေဖြင့် မစိုက်ပျိုးကြသေးသော် လည်းနိုင်ငံတကာကော်ဖီပြပွဲများ တွင် အထူးတန်းဝင်သည့် မြန်မာ ကော်ဖီကို ထုတ်လုပ်မှုအရည်အ သွေးမြှင့်တင်ပြီး ၀င်ရောက်ပြသခဲ့ သည့်နောက်ပိုင်း နိုင်ငံခြား ဈေး ကွက်မှ မြန်မာကော်ဖီဝယ်ယူရန် စိတ်ဝင်စားမှု မြင့်တက်လာ ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကော်ဖီကို ပြင်ဦးလွင်၊ ရှမ်းပြည်နယ်ရှိ ရွာငံ မြို့၊ မိုးကုတ်၊ နောင်ချို၊ ချင်းပြည် နယ်တို့တွင် အများဆုံးစိုက်ပျိုးကြ ပြီး အာရေဗီကာနှင့် ရိုဘတ်စတာ စသည့် ကော်ဖီအမျိုးအစားတို့ကို အဓိကစိုက်ပျိုးကြကြောင်း သိရ သည်။

7Day Daily

No comments:

Post a Comment