Thursday 31 December 2015

ကမ္ဘာ့ဈေးအကြီးဆုံး ပစ္စည်းများ

မည်သည့် အရာတွင်မဆို သူ့တန်ဖိုးနှင့်သူ ရှိပြီးသား ဖြစ်သည်။ ထို့ကြောင့် ပစ္စည်းများကို တန်ဖိုးတစ်ခုဖြင့် တွက်ချက်ပြလေ့ ရှိကြသည်။ စိတ်ကြိုက်တွေ့သည့် ပစ္စည်းဖြစ်ပါက တန်ဖိုးကို မကြည့်ဘဲ ၀ယ်ယူခြင်းမှာလည်း လူသားများ၏ အလေ့အထတစ်ခု ဖြစ်သည်။ ပစ္စည်းတိုင်းတွင် တန်ဖိုးအမြင့်ဆုံး သတ်မှတ်ခံရလေ့ ရှိသည်။ သို့ဖြစ်ရာ တန်ဖိုးအမြင့်ဆုံး ပစ္စည်းများ အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။

စစ်တုရင် ဒေါ်လာ - (၆၀၀၀၀၀)
စစ်တုရင် ကစားနည်း အတွက် ထုတ်လုပ်သော ပစ္စည်းများတွင် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ စစ်တုရင်ခုံနှင့် အရုပ်များကို  (၃၂၀) ကာရက်ရှိသည့် စိန်ဖြူ ၊ စိန်နက်များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ယင်းကိုလည်း အကန့်အသတ်ဖြင့်သာ ထုတ်လုပ်ခြင်း ဖြစ်ပြီး  စုစုပေါင်း (၇) ခုသာ ထုတ်လုပ်ခဲ့သည်။

ကင်မရာ  ဒေါ်လာ - (၇၇၅၀၀၀)
၁၈၃၉ က ထုတ်လုပ်ခဲ့သော ရှေးဟောင်း ကင်မရာကို ၂၀၀၇ တွင် လေလံတင် ရောင်းချခဲ့ရာ အံ့အားသင့်ဖွယ်ရာ ဈေးရရှိခဲ့ခြင်း ဖြစ်သည်။

အလွန်ရှေးကျသည့် ကင်မရာဖြစ်ပြီး၊ ရှေးဟောင်းပစ္စည်း ၀ယ်ယူ စုဆောင်းသူက ၀ယ်ယူသွားခြင်း ဖြစ်သည်။ ယင်းကင်မရာသည် စီးပွားဖြစ် လုပ်ကိုင်ခဲ့သည့် ရှေးအကျဆုံး ကင်မရာ အဖြစ် မှတ်တမ်း တင်ခံထားရသည်။

ပီယာနို ဒေါ်လာ - (၃ ဒသမ  ၂၂) သန်း
အလွန် လှပသည့် ပီယာနိုဖြစ်သည်။ တရုတ်နိုင်ငံတွင် လေလံတင် ရောင်းချရာ အံအားသင့်ဖွယ်ရာ ကမ်းလှမ်းမှုများ လက်ခံရရှိပြီး၊ စံချိန်တင်ဈေးဖြင့် ရောင်းထုတ်နိုင်ခဲ့သည်။ အဖိုးတန် သလင်းကျောက် ဖြင့် ပြုလုပ်ခဲ့ရာ အတွင်းပိုင်းများကို ဖောက်ထွင်း မြင်နိုင်မည် ဖြစ်သည်။ (၉) ပေရှည်သည့် ပီယာနိုဖြစ်ပြီး အဖြူရောင်ဖြင့် ပြုလုပ်ထားသောကြောင့်  အကောင်းဆုံး ပစ္စည်းဖြစ်ကြောင်း တွေ့မြင်ရုံဖြင့် သိရှိနိုင်မည် ဖြစ်သည်။

ဆေးပြင်းလိပ် ဒေါ်လာ - (၁၁၅၀)
၂၀၀၆ တွင် စတင် မိတ်ဆက် ရောင်းချခဲ့သော ဆေးပြင်းလိပ်သည် အပြင်အဆင် ကောင်းလွန်းသောကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။ဆေးပြင်းလိပ် ထည့်သည့် သေတ္တာကို အကောင်းဆုံး ပြုလုပ်ထားသောကြောင့် တန်ဖိုးကြီးခဲ့ခြင်း ဖြစ်သည်။ ယင်းသေတ္တာကို  ကုလားအုတ်အရိုးများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ဟွန်ဒူးရပ်စ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး  သေတ္တာငါးလုံးသာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဟမ်ဘာဂါ ဒေါ်လာ - (၂၉၅)
ဟမ်ဘာဂါ တစ်လုံး၏ တန်ဖိုးသည် မြန်မာငွေဖြင့် တွက်ချက်ပါ က ကျပ်လေးသိန်းနီးပါး ရှိနေမည် ဖြစ်သည်။ ဈေးအကြီးဆုံး ဟမ်ဘာဂါ အဖြစ် သတ်မှတ်ခံထားရပြီး အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ရောင်းချခြင်းဖြစ်သည်။

ဟမ်ဘာဂါပေါ်တွင် အဖိုးတန်စိန်၊ ရွှေတို့ဖြင့် ပြုလုပ်ပေးထား သော သွားကြားထိုးတံကို အလှစိုက်ပေးထားသည်။

ဟိုတယ်  ဒေါ်လာ - ၆၉၀၀၀၀ (တစ်ညတည်းခ)
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာ မြို့တွင်တည်ရှိသော Hotel President Wilson  သည်ဈေးအကြီးဆုံး ဟိုတယ်အဖြစ်  သတ်မှတ် ခံထားရသည်။ ယင်းဟိုတယ်သည် နိုင်ငံတော် ဧည့်သည်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ထင်ရှားကျော်ကြားသူများ အတွက် သင့်လျော်သော ဟိုတယ်ဖြစ်သည်။ ဟိုတယ်တွင် အခန်း (၁၀) ခန်း၊ ရေချိုးခန်း (၇) ခန်း အပြင် အကောင်းဆုံး အပြင်အဆင်များကြောင့်  ဈေးနှုန်းကြီးမြင့်နေခြင်း ဖြစ်သည်။

မော်တော်ကား  ဒေါ်လာ - (၃၅) သန်း
မော်တော်ကားများ၏ တန်ဖိုးသည် ၀ယ်ယူသူ အပေါ်မူတည်ပြီး ပြောင်းလဲသွားလေ့ရှိသည်။  ဖာရာရီမှ ထုတ်လုပ်သည့်  မော်တော်ကား တစ်စီး၏ တန်ဖိုးသည် ဒေါ်လာ (၃၅) သန်း ရှိခဲ့သောကြောင့် ဈေးအကြီးဆုံး ကားများထဲတွင် ပါဝင်ခဲ့သည်။ ယင်းကားမှာ ၁၉၆၂ ထုတ် 250 GTO မော်ဒယ် ဖြစ်ပြီး၊ ဗြိတိန် ရှေးဟောင်းကား စုဆောင်းသူ တစ်ဦး ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။

တီဗွီ ဒေါ်လာ - (၂ ဒသမ ၃) သန်း
ရုပ်ထွက် အကောင်းဆုံး တီဗွီကို တန်ဖိုးအကြီးဆုံး ဖြစ်အောင် ပြုလုပ်ခဲ့သည်။ တီဗွီဘောင်ကို မိကျောင်းသားရေများဖြင့် အလှဆင်ထားသောကြောင့် ခမ်းနားမှု အပေါင်းနှင့် ပြည့်စုံနေမည် ဖြစ်သည်။ ထို့ပြင် တီဗွီကို စိန်၊ ရွှေ များဖြင့် အလှဆင်ထားသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ရွှေရောင်အဆင်းနှင့် လှပနေသည့် တီဗွီတစ်လုံး ဖြစ်ခဲ့ပြီး မြင်ရသူအဖို့ စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။

မော်တော် ဆိုင်ကယ် ဒေါ်လာ - (၇၀၀၀၀၀)
စူပါဆိုင်ကယ် ဖြစ်ပြီး အလွန်လျင်မြန်သည့် အရှိန်ဖြင့် မောင်းနှင်နိုင်စွမ်းရှိသည်။ Dodge Toma-Hawk V10 အမျိုးအစား ဖြစ်သည်။ ဘီးလေးဘီး ပါဝင်ပြီး ရှေ့ဘီးနှစ်ဘီး နှင့် နောက်ဘီးနှစ်ဘီ တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဘီးလေးဘီး၏ အလေးချိန်သည် ပေါင် (၁၀၀၀) နီးပါးရှိသည်။(၂ ဒသမ ၅) စက္ကန့်အတွင်း  (၀) မိုင်မှ (၆၀) မိုင်အထိ သွားလာနိုင်ပြီး တစ်နာရီကို မိုင်  (၃၀၀) ကျော် အထိ မောင်းနိုင်စွမ်းရှိသည်။

စပီကာ ဒေါ်လာ - (၂) သန်း
အသံထွက် အလွန်ကောင်းမွန်သော စပီကာ ဖြစ်သည်။ အရည်အသွေး အကောင်းဆုံး ပြုလုပ်ထားပြီး စပီကာ အတွဲလိုက် တစ်စုံသည် (၅) တန်ကျော်ရှိသည်။ လေယာဉ်ကို တည်ဆောက်ရာတွင် အသုံးပြုသည့် အလူမီနီယံများဖြင့် တည်ဆောက်ထားသည်။ စပီကာများသည် အလွန်ရှည်လျားပြီး အသံထွက် ကောင်းမွန်သောကြောင့် တန်ဖိုးကြီးနေခြင်း ဖြစ်သည်။

Messenger News Journal​ 

No comments:

Post a Comment