Friday 26 June 2015

ခြောက်ပွင့်ဆိုင်ကို မစဉ်းစားတော့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့်ပတ်သက် ၍ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေး နွေးမှုကို စဉ်းစားတော့မည်မဟုတ် ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
‘‘ပွင့်ပွင့်လင်းလင်းပြောရရင် အန်တီက သိပ်ပြီးတော့ မစဉ်းစား ဘူး။ ခြောက်ပွင့်ဆိုင်အကြောင်း၊ မစဉ်းစားတော့ဘူး။စဉ်းစားနေရင် လည်း နည်းနည်းအချိန်ပိုကုန်တာ ပဲရှိတယ်။ ကိုယ်လုပ်စရာရှိတာပဲ ဆက်ပြီးလုပ်သွားတော့မယ်’’ဟု ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ် အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရာတွင် အခက်အခဲမဖြစ်စေ ရန် ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို မူလက ဒုတိယအကြိမ်ထပ်မံပြု လုပ်ရန် သတင်းများထွက်ပေါ်ခဲ့ သော်လည်း ဇွန်လ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် အရေး ကြီးပုဒ်မအချို့ကို မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်း စုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်အတွင်း အခြေခံ ဥပဒေပြင်ဆင်သည့် ဥပဒေကြမ်း ဆွေးနွေးရာတွင် အကျပ်အတည်း မဖြစ်ပေါ်စေရန် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကို နှစ်ကုန်ပိုင်း၌ ပြည် ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့ ပြီး ယခုနှစ်ဧပြီလအတွင်းတွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုတစ် ကြိမ်သာဖြစ်ပေါ်ခဲ့သည်။
ထိုကဲ့သို့ ပထမအကြိမ်တွေ့ ဆုံရာတွင် အခြေခံဥပဒေပြင်ဆင် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊လွတ် လပ်ပြီးတရားမျှတသော ရွေး ကောက်ပွဲဖြစ်မြောက်ရေး စသည့် အခြေခံမူဘောင်များကို နှစ်နာရီ ကျော်ကြာ ဆွေးနွေးခဲ့သော်လည်း တစ်စုံတစ်ရာ အဖြေထွက်ခဲ့ခြင်းမ ရှိခဲ့ဘဲ ဒုတိယအကြိမ်တွေ့ဆုံမည့် အချိန်ကာလပင် မသတ်မှတ်နိုင်ခဲ့ ပေ။ အဆိုပါခြောက် ပွင့်ဆိုင်တွေ့ ဆုံမှုတွင် ပါဝင်သူများမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦး ခင်အောင်မြင့်၊ ဒေါ်အောင်ဆန်းစု ကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တိုင်းရင်းသားကိုယ်စားလှယ်ဒေါက်တာအေးမောင်တို့ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))
7Day Daily

No comments:

Post a Comment