Monday 29 June 2015

၁၀၅မိုင် ကုန်သွယ်ရေးဇုန် တိုက်ခိုက်ခံရမှု KIA လက်ချက်ဟု စစ်တပ်ပြော

တရုတ်- မြန်မာ နယ်စပ်ရှိ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် စနေ နေ့ညက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှုမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်ချက်ဟု စစ်တပ်ပိုင် မြ၀တီ သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ နောက်ပွင့်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ယာဉ်စစ်ဝင်း၏ အရှေ့ ဘက် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ရွှေလိပ်ပြာထမင်းဆိုင်ရှေ့၊ မြန်မာနိုင်ငံသားများဘဏ်ရှေ့၊ ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်၏မြောက်ဘက် အုတ်နံရံခြံစည်း နေရာများကို လက်နက်ကြီးကျည်များ အသီးသီး ထိ မှန်ခဲ့ကြောင်း၊ ရွှေလိပ်ပြာ ထမင်း ဆိုင်မှ မနန်းခမ်းနွမ် ၂၆ နှစ် (ဘ)ဦးမောင်ခိုင်၏ ညာလက်မောင်းတွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆိုင်အဆောက်အဦ တံစက်မိတ်အမိုးသွပ်ပြားများ ပေါက်ထွက်ခြင်း၊ ဆိုင်ရှေ့ တွင် ရပ်ထားသော အပြာရောင်ဆလွန်း ယာဉ်ထိမှန်ပျက်စီးခြင်း၊ မြန်မာနိုင်ငံသားများဘဏ် မျက်နှာစာ ရှိမှန်များ အက်ကွဲပျက်စီးခြင်း၊ ကုန်စည်ဒိုင်အုတ်နံရံ ခြံစည်းရိုး ကွဲအက်ခြင်း၊ ကုန်စည်ဒိုင်ရှေ့တွင် ရပ်ထား သော အဖြူရောင်ကွန်တင်နာ ယာဉ်ငယ်၊ စက်သုံးဆီသယ်ယာဉ်နှင့် အဖြူရောင်တွဲကား(၂)စီး စုစုပေါင်း ယာဉ် ၄ စီးတို့၏ ရှေ့လေကာမှန်များ ကွဲအက်ပျက်စီးခြင်းများ ဖြစ်ပေါ် ခဲ့သည်။




‎ဧရာဝတီ‬

ဓာတ်ပုံ- မြ၀တီ 

No comments:

Post a Comment