Wednesday 24 June 2015

ပြည်တွင်းဈေးကွက်နှင့် ကိုက်ညီသော ရော်ဘာစိုက်ပျိုးနည်းစနစ်များ ရေးဆွဲ

ရော်ဘာစေး ထုတ်ယူနေသော လုပ်သားတစ်ဦး (ဓာတ်ပုံ − အောင်သစ်လွင်) 
ရော်ဘာစိုက်ပျိုးမှုအများ ဆုံး မွန်ပြည်နယ် မြို့နယ်လေးခုရှိ ရော်ဘာခြံငယ်များ၏ စိုက်ပျိုးထုတ်လုပ်မှုများမှ ကောက်ယူထားသည့် အချက်အလက်များကို အခြေခံကာ မြန်မာ့ဈေးကွက်နှင့်ကိုက်ညီမည့် ထုတ်လုပ် စိုက်ပျိုးရေး နည်းစနစ်များကို ဇွန်လအတွင်း အပြီးရေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရေး၊ သံဖြူဇရပ်၊ ကျိုက်မ ရောနှင့် မုဒုံမြို့နယ်တို့မှ ခြံငယ်များ၏ စိုက်ပျိုးထုတ်လုပ်ရောင်းချ ခြင်းဆိုင်ရာ အချက်အလက်များကို ၂၀၁၄ နှစ်ကုန်ပိုင်းမှ မေလအထိ Care Myanmar အဖွဲ့အစည်းနှင့် မြန်မာနိုင်ငံ ရော်ဘာစိုက် ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းတို့ ပူးပေါင်း၍ ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းအချက် အလက်များဖြင့် စိုက်ပျိုးနည်းစနစ်နှင့် ဈေးကွက်အတွင်း ရော်ဘာဈေးမှန်ရရှိအောင် ဆောင်ရွက်မည့် နည်းလမ်းများကို ရေးဆွဲနေခြင်းဖြစ်သည်။

‘‘တစ်ဧကကနေ ငါးဧကအ ထိ စိုက်ပျိုးတဲ့ခြံငယ်တွေရဲ့ ထုတ် လုပ်မှုနဲ့ ပတ်သက်ပြီး အရည်အ သွေးကောင်း ရော်ဘာဖြစ်အောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေကို  အချက်အလက်တွေ ရေးနေ တယ်’’ဟု ကုန်သွယ်မှု မြှင့် တင်ရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးဝင်း မြင့်က ပြောသည်။

‘‘ကွင်းဆင်းထားတဲ့ အချက် အလက်တွေနဲ့ နိုင်ငံတကာနည်း စနစ်တွေကို အခြေခံပြီး မြန်မာနဲ့ ကိုက်ညီမယ့် စနစ်ကို ဇွန်လမှာ အပြီးရေးဆွဲမယ်’’ဟု ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးအုန်း သန်းက ပြောသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် ကိုးသောင်းကျော် တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်၌ တန်ချိန် ခုနစ်သောင်းခန့်သာ တင်ပို့ နိုင်ခဲ့ ကြောင်း ရော်ဘာလုပ်ငန်းရှင်များ ထံမှ သိရသည်။ မြန်မာ့ ရော်ဘာကို တရုတ်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် ကိုရီးယားနိုင်ငံများသို့ အဓိကတင်ပို့နေသည်။ မွန်၊ တနင်္သာရီ၊ ကရင်၊ ကချင်ပြည်နယ်တို့သည် ရော်ဘာအဓိက စိုက်ပျိုးရာ ဒေသများဖြစ်သည်။

7Day DAILY  

No comments:

Post a Comment