Wednesday 24 June 2015

နေ့ခင်းကြောင်တောင် ဓားထိုးမှု ဒလမြို့တွင်ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တပင်ရွှေထီးရပ် ကွက်၊ ဌေးအောင်ဖုန်းအရောင်း ဆိုင်ရှေ့တွင် ဇွန်လ ၂၂ ရက်  နေ့လယ်က လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

အသတ်ခံရသူမှာ အသက် (၂၁) နှစ်အရွယ် အမျိုးသားဖြစ်ပြီး လူသတ်တရားခံကို ဖမ်းဆီးရမိ သော်လည်း အပေါင်းအပါနှစ်ဦး မှာ လွတ်မြောက်ဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘သေသွားတဲ့ကောင်လေးနဲ့ သူ့ဦးလေးက ဒလနာရီစင်နားမှာ လာပြီး ဆိုင်ကယ်ဆီလာထည့် တယ်။ လူသတ်တရားခံက တွေ့ တော့ လက်ဖက်ရည်ဆိုင်ထဲက လှမ်းခေါ်တယ်။ သူတို့လည်း အ နားရောက်တော့ ကောင်လေးကို ထိုးကြိတ်ပြီး ပါလာတဲ့ဓားနဲ့လည်ပင်းကို ထိုးလိုက်တယ်’’ ဟု အဆို ပါ ရဲအရာရှိက ပြောသည်။

သေဆုံးသွားသူ၏ ဦးလေးနှင့် လူသတ်တရားခံတို့မှာ ကျူး ကျော်မြေကိစ္စနှင့်ပတ်သက်၍ စ ကားများရန် ဖြစ်ဖူးပြီး လူသတ်တ ရားခံနှင့်အတူ ပါလာသည့် အဖော်နှစ်ဦးသည် လူသတ်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒလမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။ လူသတ်မှုကို မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေပြီး ကျန်ရှိ သည့် တရားခံပြေးနှစ်ဦးကို ဖမ်း ဆီးနိုင်ရန် လုပ်ဆောင် နေကြောင်း အမှုလိုက်ရဲအရာရှိကပြောသည်။

ရန်ကုန်တိုင်းတွင် ယခုနှစ် ငါးလသက်တမ်းအတွင်းလူသတ် မှု ၇၁ မှု၊ လုယက်မှု ၁၆ မှုနှင့် မုဒိမ်းမှု ၆၁ မှု ဖြစ်ပွားခဲ့ပြီး လူသတ် မှုများတွင် ရန်ငြိုးရန်စဖြင့် သတ်သည့်လူသတ်မှုမှာ ပိုမိုများပြား ကြောင်းသိရသည်။

7Day DAILY 

No comments:

Post a Comment