Monday 29 June 2015

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ယခုဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ် တောင်ပိုင်းတွင် အငှားအိမ်ရာ ရှစ်ခန်းတွဲ၊ ခြောက်ထပ်စီမံကိန်း အကောင်အထည်ဖော်တည်ဆောက်ရန် စီစဉ်နေ

ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ အငှားအိမ်ရာရှစ်ခန်းတွဲ၊ ခြောက်ထပ်စီမံကိန်းကို အကောင်အထည်ဖော်တည်ဆောက်ရန် စီစဉ် နေ ကြောင်း သိရသည်။

ယင်းအငှားအိမ်ရာကို အဆိုပါ မြို့နယ်၊ မြေတိုင်းရပ်ကွက် (၁၄၁/၂)၊ အမှတ်(၂)လမ်းမကြီးနှင့် မဟာဗန္ဓုလ လမ်းထောင့်ရှိ အစိုးရမြေဧရိယာ ၁၂ဒသမ၅၃၄ဧကတွင် တည် ဆောက်မည်ဖြစ်ကာ ယင်းသို့တည်ဆောက် ရန်အတွက် တင်ဒါခေါ်ယူ နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ''ဒဂုံမြို့ သစ်(တောင်ပိုင်း)မှာ အငှားအိမ်ရာ တည်ဆောက်ဖို့အတွက် တိုင်းရင်း သားလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်နေ ပါတယ်။ တင်ဒါတင်သွင်းသူတွေအ နေနဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က သတ်မှတ်ပေးတဲ့ ရှစ်ခန်းတွဲ၊ ခြောက် ထပ်၊ RC အဆောက် အအုံပုံစံကို မိမိတို့တည်ဆောက်နိုင်တဲ့ PAE နှုန်းထား တင်ပြရပါမယ်။ တင်ဒါဖွင့် ဖောက်ရက်ကိုလဲ ဆက်သွယ်အကြောင်းကြား ပါမယ်''ဟု ပြောသည်။

တင်ဒါတင်သွင်းရာတွင် မိမိ တို့တည်ဆောက်မည့် အဆောက်အ အုံနှင့်လမ်းမ၊လမ်းသွယ်တို့ကို ဆက် သွယ်သည့် လမ်း၊ ရေမြောင်း၊ ဓာတ် မီးတိုင်၊ ရေပေးဝေရေးစနစ်၊ ထရန် စဖော်မာစသည်တို့ကိုပါထည့်သွင်း စဉ်းစား၍ PAE နှုန်းထားတင်ပြ ရန်ဖြစ်ကြောင်း သိရသည်။ အငှားအိမ်ရာဆောက်လုပ် ရေးနှင့်စပ်လျဉ်း၍ နည်းပညာ၊ စံချိန် စံညွှန်း အဆိုပြုလွှာ(Technical Proposal) နှင့် ဈေးနှုန်းအဆိုပြုလွှာ (Financial Proposal) တို့အား သီး ခြားစီ ချိပ်ပိတ်လျက် ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက် ညနေ ၄ နာရီခွဲနောက် ဆုံးထားပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တင်ဒါပုံးများအတွင်း သို့ တာဝန်ရှိသူကိုယ်တိုင် မှတ်ပုံတင် စာရင်းရေးသွင်း၍ တင်သွင်းရ မည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်တင်ဒါပုံစံများကို ၂၀၁၅ ခုနှစ်၊ ဇူလိုင် ၁ဝရက်နေ့ နောက် ဆုံးထားပြီး ရုံးချိန်အတွင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးတွင် ဝယ်ယူနိုင်ပြီး တင်ဒါအဆိုပြုလွှာများအား အများ ရှေ့မှောက်၌ ဖွင့်လှစ် မှတ်တမ်းတင် ၍သတ်မှတ်ထားသော နည်းပညာ၊ စံချိန်စံညွှန်း၊ ဈေးနှုန်းတို့နှင့် ကိုက် ညီသည့်ကုမ္ပဏီကို ကျွမ်းကျင်ပညာ ရှင်အဖွဲ့ဖြင့် စိစစ်ရွေးချယ်သွား မည် ဖြစ်သည်။

TST, NH
Democracytoday‬

No comments:

Post a Comment