Wednesday 24 June 2015

ခေါင်းအုံးအတွင်း ဘိန်းဖြူထည့် သယ်ဆောင်လာသည့်ယာဉ် ကွတ်ခိုင်မြို့နယ်၌ ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်-လားရှိုးသွား လမ်းမပေါ်တွင် ရွှေလီ(၂) စစ်ဆင်ရေးအရ စစ်ဆေးနေစဉ် ဘိန်းဖြူများကို ခေါင်းအုံးအတွင်းသို့ ထည့်၍သယ်ဆောင်လာသည့် ယာဉ်တစ်စီးကို ဖမ်းမိခဲ့ကြောင်း သတင်း ရရှိသည်။

ကွတ်ခိုင်မှ လားရှိုးမြို့သို့ လပ် ကီးစတား ကားဂိတ်မှ မောင်းနှင်လာသည့် အေဒီဗင်အငှားယာဉ်ကို ရပ်တန့် ရှာဖွေရာ၌ မော်တော် ယာဉ်နောက်ခန်းအတွင်း တင် ဆောင်လာသည့် ခေါင်းအုံးများ ထည့်ထားသော အထုပ်ကိုရှာဖွေ ရာမှ ဘိန်းဖြူများ ဖမ်းမိခဲ့ခြင်းဖြစ် သည်။

ခေါင်းအုံးများ ထည့်ထားသည့် ဆာလာအိတ်အတွင်း အနီရောင်ခေါင်းအုံး ခြောက်လုံးကို ဖွင့်ဖောက်စစ်ဆေး ရာ ခေါင်းအုံးအတွင်း ဆပ်ပြာခွက်ဖြင့်ထည့်၍ သယ်ဆောင်လာသည့် ဘိန်းဖြူ ၇၉၂ ဂရမ် စတင်တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် အပြာရောင် ခေါင်းအုံးကိုဖောက်၍ ဆက်လက် စစ်ဆေးရာ ခေါင်းအုံးအတွင်းမှ အပြာရောင် ပလတ်စတစ်ကပ်ခွာ အိတ်ဖြင့်ထည့်၍ သယ်ဆောင် လာသည့် စိတ်ကြွဆေးပြား ၇,၀၀၀ ခန့်ကို ထပ်မံ တွေ့ရှိခဲ့ပြီး စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၃၀၀ ခန့်ကို ဖမ်းမိခြင်းဖြစ်ကြောင်း ကွတ်ခိုင်မြို့မရဲစခန်းမှ တာဝန် ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဘိန်းဖြူများနှင့် စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ မနူးဂျာ(၂၈)နှစ်သည် ကချင်ပြည်နယ် ကာမိုင်း မြို့နယ် အတွင်း နေထိုင်သူဖြစ်ပြီး ၎င်းကို ဆက်လက်စစ် ဆေးရာ ကွတ်ခိုင်မြို့ရှိ ရာစုသစ်တည်းခိုခန်းတွင် တည်းခိုနေသည့် ကိုခွန်းချိုက သယ်ဆောင်ခိုင်းခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့၍ ၎င်းကိုလည်း သွားရောက် ဖမ်းဆီးခဲ့ ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက် ကလည်း ကွတ်ခိုင်မြို့နယ်အ တွင်း မသင်္ကင်္ာသူနှစ်ဦးကို ခေါ်ယူ စစ်ဆေးရာမှ ကျပ် ၁၇ သိန်းကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့သည်။

7Day DAILY 

No comments:

Post a Comment