Wednesday 24 June 2015

လိပ်ကျွန်းလူသတ်မှုတွင် အဓိကသက်သေနှစ်ဦးကို ဆင့်ခေါ်ပေးရန် မြန်မာသံရုံး အထူးအဖွဲ့တောင်းဆို

သေဆုံးသူ ဟန်နာဝစ်သာရစ်ခ်ျ၏သူငယ်ချင်း ရှောင်မက် နာဟေးစ်နှင့် ထိုင်းအစိုးရတာဝန်ရှိသူတစ်ဦး တွေ့ဆုံပြော ကြားနေစဉ် (ဓာတ်ပုံ − mirror.co.uk) 
ထိုင်းနိုင်ငံ၊ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် တွင် အခင်းဖြစ်ပွားစဉ်က အဓိကသက်သေဖြစ် သည့် သေဆုံးသူ ဟန်နာဝစ်သာရစ်ခ်ျနှင့် ဒေးဗစ်မီလာတို့၏ သူငယ်ချင်းများကို သက်သေအဖြစ်ထွက်ဆိုပေးရေး နိုင်ငံချင်း ချိတ်ဆက်၍ ဆင့်ခေါ်ပေးရန် မြန်မာသံရုံးအထူးအဖွဲ့က တရား ရုံးသို့ တောင်းဆိုလိုက်ကြောင်း သတင်း ရရှိသည်။

လိပ်ကျွန်းလူသတ်မှုဖြစ်စဉ် ဖြစ်ပွားပြီး နောက်တစ်နေ့တွင်  လက်မောင်း၌ဒဏ်ရာဖြင့် ဂစ်တာတစ်လက် ကိုင်ကာ လိပ်ကျွန်းမှပြန်သွား သည့် ဟန်နာဝစ်သာရစ်ခ်ျ၏ သူငယ်ချင်း မစ္စတာ ရှောင်မက်နာဟေးစ်နှင့် ဒေးဗစ်မီလာ၏သူငယ်ချင်း မစ္စတာခရစ္စတိုဖာ အလမ်ဝဲတို့အား သက်သေအဖြစ် ထွက်ဆိုပေးရန် နိုင်ငံချင်း ချိတ်ဆက်၍ ဆင့်ခေါ်ပေးရန် မြန်မာသံရုံး အထူးအဖွဲ့က ကော့စမွီမြို့နယ် တရားသူကြီးထံ တောင်းဆို ထားကြောင်း မြန်မာသံရုံးအထူးအဖွဲ့မှ ရှေ့နေဦးအောင်မျိုးသန်းက ပြောသည်။

ဟန်နာ၏ သူငယ်ချင်းရှောင် သည် လိပ်ကျွန်းလူသတ်မှုအခင်းဖြစ်ပွားသည့် ၂၀၁၄ စက်တင် ဘာ ၁၄ ရက် တွင် လိပ်ကျွန်းရှိ ဘားဆိုင်ပိုင်ရှင်နှင့်လူတစ်ဦးက ၎င်းထံလာရောက် ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ကြောင်း ပြောကြားထားသည့် ဗီဒီယိုဖိုင်ကို ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ တင်ထားခဲ့သည်။ လက်မောင်း တွင်လည်း ဓားဒဏ်ရာရရှိထားသည့် ဓာတ်ပုံကို  တင်ထားခဲ့သည်။

အခင်းဖြစ်ပွားပြီး နောက်တစ်ရက်တွင် လိပ်ကျွန်းမှ ပြန်သွားသည့် ဓာတ်ပုံများ လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီး လိပ်ကျွန်း လူသတ်မှုဖြစ်စဉ်၏ အဓိကသက်သေဖြစ်၍ ရှောင်အား သက်သေအဖြစ်  လာရောက် ထွက်ဆို ပေးရန် တောင်းဆိုခြင်းဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန်းက ပြောသည်။ ‘‘ရှောင်က ဒီအမှုရဲ့ အဓိက သက်သေပဲ။ ဘယ်သူသတ်တယ် ဆိုတာကို သူကိုယ်တိုင်သိနေ တယ်။ အဲဒါကြောင့် သက်သေ အဖြစ် ထွက်ဆိုပေးဖို့ တောင်းဆို လိုက်တာပါ။ တရားစီရင်ရေး ဟာ အမှန်အတိုင်းဖြစ်ချင်တယ်ဆိုရင် တရားသူကြီးက ဆင့်ခေါ်ဖို့ရာ သဘောတူရပါမယ်။ နိုင်ငံချင်း ချိတ်ဆက်ပြီး ဆင့်ခေါ်ရမယ်။ လုံခြုံမှုအတွက် တရားရုံးမှာ လိုက် ပြီး သက်သေမထွက်ချင်ဘူးဆို ရင် သံရုံးထဲမှာပဲ သက်သေထွက် ဆိုပေးရမယ်။ ဒါမှ ဒီအမှုရဲ့ အမှု မှန်ပေါ်ပေါက်မှာပါ’’ ဟု ရှေ့နေ ဦးအောင်မျိုးသန်းက ပြောသည်။

လိပ်ကျွန်းလူသတ်မှုကို လာ မည့် ဇူလိုင် ၈ ရက်တွင် ရုံးထုတ် ၍ သုံးရက်ဆက်တိုက် စတင်စစ် ဆေးမည် ဖြစ်သည်။ လိပ်ကျွန်း လူသတ်မှု စွပ်စွဲခံ မြန်မာ လုပ် သားနှစ်ဦး၏ ဒီအင်န်အေ(မျိုးရိုး ဗီဇ)ကို ဇူလိုင် ၈ ရက် ရုံးချိန်မတိုင် မီ အချိန်မီပြန်လည်စစ်ဆေးပေး ရန် ထိုင်းနိုင်ငံရှေ့နေများ ကောင် စီက တိုက်တွန်း တောင်းဆိုထား သည်။ ဒီအင်န်အေကို ပြန်လည်စစ်ဆေးရန် ခွင့်ပြုထားသော် လည်း စစ်ဆေးမည့်ရက်ကို သတ် မှတ်ထားခြင်း မရှိသေးပေ။

ဗြိတိသျှနိုင်ငံသား ဒေးဗစ်မီ လာ(၂၄)နှစ်နှင့် ဟန်နာဝစ်သာ ရစ်ခ်ျ(၂၃) နှစ်တို့သည် ၂၀၁၄ စက်တင်ဘာ ၁၄ ရက် ညဥ့်သန်း ခေါင်တွင် လိပ်ကျွန်း၌ အသတ်ခံ ခဲ့ရပြီး ယင်းလူသတ်မှုအတွက် မြန်မာလုပ်သား နှစ်ဦးကို ဖမ်းဆီး ထားသည်မှာ ဆယ်လခန့် ရှိပြီ ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment