Tuesday 30 June 2015

မန္တလေးအ၀င် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်း လေးနေရာတွင် ဇူလိုင်မှစ၍ ရှောင်တခင်စစ်မည်

မန္တလေးမြို့သို့ဝင်ရောက်နိုင်မည့် တရားမ၀င်ကုန်သွယ်မှု လမ်းကြောင်းလေးနေရာတွင် ရွေ့လျားစစ်ဆေး ရေးအဖွဲ့ (Mo- bile Team)ဖြင့် ဇူလိုင် ၁ ရက်မှစတင်ကာ ရှောင်တခင်စစ်ဆေးအ ရေးယူမှုများ ပြုလုပ်မည်ဟု သ တင်းရရှိသည်။

မတ္တရာမြို့ မိုးကုတ်အထွက်လမ်း၊ ကျောက်ဆည်အ၀င်လမ်း၊ ပုသိမ်ကြီးဘက်လမ်းကြောင်း၊ စစ်ကိုင်း လမ်းကြောင်းများတွင် ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ မြို့နယ်အ ထောက်အကူပြုအဖွဲ့၊ မန္တလေး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အစရှိ သည့် အဖွဲ့အစည်းများက ပူး ပေါင်းကာ ရှောင်တခင်စစ်ဆေး မည်ဟု ရွေ့လျားစစ်ဆေးရေးအ ဖွဲ့ ဒုတိယတာဝန်ခံ မန္တလေးတိုင်း ဒေသကြီး ကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူရေးရာဦးစီးဌာ န လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်းက ပြောကြား သည်။

ရေဆိပ်နှင့် လေဆိပ်များတွင် ရှစ်လတာကာလပိတ်ဆို့ဖမ်း ဆီးလိုက်သည့်အချိန် မှောင်ခိုသမားများ၏ လမ်းကြောင်းမှာ မန္တလေးသို့ ဧရာဝတီမြစ်ကူး ရတနာ သိင်္ခတံတား၊ စဥ့်ကူး၊ မတ္တရာလမ်းမှတစ်ဆင့် လည်းကောင်း၊ ဗန်းမော်မှတစ်ဆင့် ကသာ-ရွှေ ဘိုလမ်းကြောင်းမှလည်းကောင်း တောင်ကြီး၊ အောင်ပန်း၊ ရွာငံ၊ ဟံမြင့်မိုရ်၊ကျောက်ဆည်မှလည်း ကောင်း၊ နောင်ချိုရှိ လားရာ(၁)၊ (၁၆) မိုင်ဂိတ်တို့ကို ရှောင်ကွင်း လာရောက်သည့် လမ်းကြောင်းများမှလည်းကောင်း လမ်းကြောင်းလေးကြောင်းမှ ၀င်ရောက်နေမှု များ ရှိနေ၍ ယင်းလမ်းကြောင်း များ ပိတ်ဆို့စစ်ဆေးရခြင်းဖြစ် ကြောင်း Mobile Team ဒုတာဝန်ခံက ပြောကြားသည်။

အရည်အသွေးနိမ့် ကုန်ပစ္စည်းများတားဆီးရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းမှန်ပေါ် ရောက်ရှိရန် ဆောင် ရွက်ခြင်း ဖြစ် သည်ဟု Moboile Teamတာဝန်ခံ မန္တလေးတိုင်းဒေသကြီး ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေး ရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦး အောင်ခိုင်ဦးက ပြောသည်။‘‘ကျွန် တော်တို့အဖွဲ့က ဖမ်းပြီးညှိတယ်၊ ညှစ်တယ်ဆိုတာမရှိစေရပါဘူး။ အပြတ်ချမှာပါ။ ကြိုပြောတယ် ဆိုတာ ချစ်တုန်း မုန်းစကားပြော လိုက်တာပါပဲ’’ဟု ပြောသည်။

တရားမ၀င်ကုန်သွယ်မှုတား ဆီးထိန်းချုပ်ရေး ကော်မတီမှ ရေ ဆိပ်နှင့် လေဆိပ်များတွင် ၂၀၁၄ နိုဝင်ဘာ ၁ ရက်မှ စတင်စစ်ဆေး ခဲ့ရာ ၂၀၁၅ ဇွန်လ ၂၉ ရက်အထိ အမှုတွဲပေါင်း ၁၁ ကြိမ်ဖမ်းဆီးရ မိခဲ့ပြီး ကျပ်သိန်း ၂,၄၆၃ သိန်း ကျော်ဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment