Wednesday 24 June 2015

မြန်မာ အမျိုးသမီး U -14 ကမ္ဘောဒီးယားကို ဂိုးပြတ် အနိုင်ယူ

ယနေ့ ဗီယက်နမ်နိုငငံ ဟနွိုင်းမြို့တွင် ကျင်းပသည့် AFC U-14 အမျိုးသမီးချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲ တွင် မြန်မာ အမျိုးသမီး U - 14က ကမ္ဘောဒီးယား အမျိုးသမီး U 14 အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ အမျိုးသမီး U -14 အသင်းသည် မနက်ဖြန် ဇွန်လ (၂၄) ရက်နေ့တွင် လာအို အမျိုးသမီး U -14 အသင်းနှင့် အုပ်စု ဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
အာဆီယံဇုန်၌ အုပ်စု (က) နှင့် (ခ) နှစ်အုပ်စု ရှိပြီး အုပ်စု (က) တွင် မြန်မာ အသင်းနှင့်အတူ ထိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား 
တို့ ပါဝင်နေပြီး အုပ်စု (ခ) ၌ အိမ်ရှင် ဗီယက်နမ်၊ စင်္ကာပူ၊မလေးရှားနှင့် 
ဖိလစ်ပိုင် အသင်းတို့ ပါဝင်လျက်ရှိသည်။

MFF
ဧရာဝတီ

No comments:

Post a Comment