Thursday 25 June 2015

အခြေခံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ မပြင်နိုင်လျှင် ငြိမ်းချမ်းရေးရရန် ခက်ခဲမည်ဟု သူရဦးအောင်ကိုပြော

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ မပြင်ဆင်နိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် အခက်အခဲ များရှိမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ် စားလှယ် သူရဦးအောင်ကိုက ဇွန်လ ၂၄ ရက်၌ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် မပြင်နိုင်ပါက အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ် ဆိုရေး လက်မှတ်ရေးထိုးရန် ခက် ခဲနိုင်ကြောင်း၊  နိုင်ငံသားများ အထူးသဖြင့် တိုင်းရင်းသားများ တောင်းဆိုနေကြ သည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိသော၊ တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးမှာလည်း လွန်စွာကွာဝေးနေမည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ထို့ပြင် ပြည်သူတို့အတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အာမခံချက် အပြည့်အ၀ပေးနိုင်သော တရား ဥပဒေစိုးမိုးသည့် လူ့ အဖွဲ့အစည်းတစ်ခုဖြစ်ပေါ်လာရန် အလှမ်းကွာဝေးနေမည်ဖြစ်သည့်အပြင် တရား ဥပဒေစိုးမိုးမှု အားနည်းနေပါက နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အမျိုးသား ရည်မှန်း ချက်သည်လည်း မှေးမှိန်မည်ဟု ၎င်းက လွှတ်တော်သို့ တင်ပြခဲ့ သည်။

ဇွန်လ ၂၃ နှင့် ၂၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး  ဆွေးနွေး နေရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အဓိကသော့ချက်ဖြစ် သည့် ပုဒ်မ ၄၃၆ နှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ပိတ်ပင်ထားသည် ဟု ဝေဖန်ထားခြင်း ခံရသော ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ခြင်းမပြုဘဲ မူလပြဋ္ဌာန်းချက် အတိုင်းသာထား ရှိရန် တင်ပြဆွေးနွေး ခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ဆွေးနွေးရာတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင်လည်း ပြည်သူများ၏ လိုလားချက်များ၊ တောင်းဆို ချက်များအတိုင်း ပြင်ဆင်ပေးရန် တင်ပြဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများ ပြုလုပ်ပြီး ယနေ့ ဇွန်လ ၂၅ ရက်တွင် မဲခွဲ ဆုံးဖြတ်မည် ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment