Thursday 25 June 2015

အမေရိကန်က အရှေ့ ဥရောပတွင် လက်နက်များချထားတော့မည်

တင့်ကားများ ခြေလျင်တိုက်ခိုက် ရေးယာဉ်များနှင့်အမြောက်များ အ ပါအဝင် လက်နက်ကြီးများကို အမေ ရိကန်က ပထမဆုံး အကြိမ် အလယ် နှင့် အရှေ့ဥရောပနိုင်ငံများတွင်ကြို တင်ချထားတော့မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးက အက်စ်တိုး နီးယားမြို့တော်တွင် ပြောခဲ့သည် ကို The Global Times သတင်း တွင်ဖော်ပြသည်။

ကာတာကဘောလ်တစ်သုံးနိုင်ငံ ၏ ကာကွယ်ရေးဝန်ကြီးများနှင့်ပူး တွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ထိုသို့ပြောကြား ခဲ့ခြင်းဖြစ်သည်။ 

ကာတာကဥရောပသို့လက်နက်ကြို တင်ချထားမှုတွင် တင့်ကားများနှင့် ခြေလျင်တိုက်ခိုက်ရေးယာဉ်များအ မြောက်များပါဝင်မည် ဟုအတည်ပြု ပေးခဲ့ကာ အက်စ်တိုးနီးယားအပါအ ဝင် လစ်သူယေးနီးယား၊ ဘူလ်ဂေးရီး ယား၊ ရိုမေးနီးယားနှင့် ပိုလန်တို့က ထိုလက်နက်များနှင့် ဆက်စပ်ပစ္စည်း များကိုလက်ခံထားရန် သဘောတူ ခဲ့ကာ ယင်းတို့ကို ဥရောပဒေသတွင် လေ့ကျင့်ရေးနှင့် လေ့ကျင့်ပေးရေး တို့အတွက် အသုံးပြု သွားမည်ဟုဆို သည်။

၎င်း၏ပြောကြားမှုက ယူကရိန်း အရေးကြောင့် ရုရှားနှင့်အနောက် နိုင်ငံများတင်းမာမှုအမြင့်မားဆုံးအ ခြေအနေတွင် အရှေ့ ဥရောပသို့စစ် တပ်များချထားရမည်ဟုနေတိုး၏ တနင်္လာနေ့ပြောကြားမှုပြီးနောက် ပေါ်ပေါက်လာသည်။

နေတိုးအဖွဲ့၏ မဟာမိတ်ဦးစီး ချုပ် ဂျန်စတိုတန်ဘာ့ဂ်ျက နေတိုး သည် ယူကရိန်းအရေးကြောင့် ယခင် ကတည်းက ဖွဲ့စည်း ထားသည့် ယင်း ၏လျင်မြန်စွာတုံ့ပြန်ရေးတပ်ဖွဲ့ထက် နှစ်ဆကျော်ပိုမိုကြီးမားသော တပ်ဖွဲ့ များချထားရေးအစီအစဉ်ကို ယခု သီတင်းပတ်တွင် အတည်ပြုပေး မည်ဟုဆိုသည်။

နေတိုးအဖွဲ့သည် ၎င်းတို့၏အထူးတပ်ဖွဲ့သစ်အတွက် ရည်ရွယ်သည့် စစ်ရေးလေ့ကျင့်မှု များစွာပြုလုပ်ကာ ပိုလန်နှင့်ဘောလ် တစ်ဒေသမှ နိုင်ငံများတွင် ၎င်းတို့ ၏အင်အားကို တိုးချဲ့လျက်ရှိသည်။

ထိုသို့အမေရိကန်နှင့်နေတိုး အဖွဲ့တို့က အရှေ့နှင့်အလယ်ဥရော ပနိုင်ငံများတွင် လက်နက်များနှင့် တပ်ဖွဲ့ များ ချထားရန် စီစဉ်နေချိန် တွင် ရုရှားဘက်က အမေရိကန်၏ အရှေ့ဥရောပရှိ မဟာမိတ်နိုင်ငံများ အတွက် စီမံကိန်းကို ဝေဖန်ခဲ့ကာ ရုရှားသမ္မတဗလာဒီမာပူတင်က အ မေရိကန်ဦးဆောင်သည့်မဟာမိတ် များသည် ၎င်းတို့၏နယ်စပ်များသို့ ချီတက်လာနေ ကြသည်ဟု စွပ်စွဲပြော ကြားခဲ့သည်။

Ref: The Global Times
Democracytoday

No comments:

Post a Comment