Wednesday 24 June 2015

ကယားပြည်နယ်တွင်းရှိ သောက်သုံးရေ လုံလောက်မှုမရှိသည့် ကျေးရွာပေါင်း ၅ဝ ကျော်ကို သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်

ကယားပြည်နယ် တွင်းရှိ သောက်သုံးရေလုံလောက် မှုမရှိသည့်ကျေးရွာပေါင်း ၅ဝ ကျော် ကို သောက်သုံး ရေ ရရှိရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကယားပြည်နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနညွှန်ကြားရေးမှူးရုံးမှ သိရသည်။

ကယားပြည်နယ်တွင် ရေရရှိ ရေးလုပ်ငန်းများအတွက် လက်ရှိ အချိန်တွင် လေ့လာစူးစမ်းမှုများ လုပ်ကိုင် ဆောင်ရွက်နေပြီး ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်ဒေသများတွင် သောက်သုံးရေရရှိရေးအတွက် တွင်း တိမ် ပေ ၂ဝဝမှ ပေ ၄ဝဝကြား ရေ တွင်းတူးဖော်ခြင်း၊ တွင်းနက်ပေ ၆ဝဝ မှ ၁ဝဝဝကြား၊ ကန်တူးဖော်ခြင်း(ရေ တွင်းကျယ်)၊ မိုးရေကန်၊ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းနှင့်အခြား ရေပေးဝေရေးလုပ်ငန်းများနှင့် အ ခြားရေရရှိရေးလုပ်ငန်းများကို အဓိက ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ကယားပြည်နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှတာဝန်ရှိသူ တစ်ဦးက''ပြည်နယ်တစ်ခုလုံးရေ ရရှိရေးလုပ်ငန်းတွေ လုပ်ကိုင်သွား မှာက ကျေးရွာငါးဆယ်ကျော်ရှိပါ တယ်။ အဓိကကတော့ သောက်သုံး ရေလုံလောက်မှုမရှိတဲ့ကျေးရွာတွေ ကို ဦးစားပေးအနေ နဲ့ရွေးချယ် လုပ် ကိုင်ဆောင်ရွက်သွားမှာပါ။ လုပ်ကိုင် ဆောင်ရွက်မယ့်ကျေးရွာတွေကိုလဲ ရွေးချယ်ပြီးပါပြီ''ဟု ပြော သည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦး စီးဌာနအနေဖြင့် ရေရရှိနိုင်သည့် နည်းလမ်းများကိုရှာဖွေပြီး သင့်လျော် သည့်နည်းလမ်းများနှင့် လုပ်ကိုင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကယားပြည်နယ်တွင် ပြီးခဲ့သည့်နှစ် နွေရာသီတွင် သောက်သုံးရေရှား ပါးမှုဖြစ်ပေါ်ခဲ့သည့်ကျေးရွာ ၂ဝ အထိရှိလာခဲ့ကြောင်း ကျေးလက် ဦးစီး ဌာနမှ သိရသည်။

တာဝန်ရှိသူက''ဒီနှစ်ဘတ်ဂျက် အတွင်းမှာ အပြီးလုပ်ဆောင်သွား မှာပါ။ ရေရရှိနိုင်တဲ့ အရင်းအမြစ် တွေကို ရှာဖွေပြီးတာနဲ့အကောင် အ ထည်ဖော်ဆောင်သွားမှာပါ။ အ ကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းတွေ ကို ရွေးချယ်နေပါတယ်။ ပြီးတာနဲ့ လုပ်ကိုင်ဆောင်ရွက်သွားမှာပါ''ဟု ပြောသည်။

မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုများကြောင့် သောက်သုံး ရေရှားပါးမှုများမှာ ပိုမိုကျယ်ပြန့်လာ ပြီး ကျေးရွာပေါင်း ခြောက်သောင်း လေးထောင်ကျော်တွင် ထက်ဝက်နီး ပါးမှာ သောက်သုံးရေ လုံလောက်မှု မရှိကြောင်း သိရသည်။

Democracytoday

No comments:

Post a Comment