Friday 14 October 2011
ကမ္ဘာကျော် မြန်မာ့လရွှင်တော် ဇာဂနာ အကြောင်းတစေ့ တစောင်း
ငဘ ပြောရင်နည်းနည်းလွန်  များလွန်မလားမသိဘူးနော်။မပြောလို့ ကလည်းမနေ နိုင်ဘူးဗျ။ဘရီးဘရား  ပြောတာကို လက်မခံနိုင်တာပါ။နည်းနည်း  လေးလုံးထွားနေသလားလို့ ။
(၁)။            ထောင်ကထွက်ရင် မပျော်ဘူးတဲ့ ။ရှေးလူကြီးတွေပြောတာ ဒါဆိုရင်စောက်ပေါစကားတွေဆိုတာ  ကိုဇာဂနာပြောမှ ကျနော်  တော်တော်လေး  အသိဥာဏ်   နည်းသေးတာပဲဆိုတာသိသွားပြီ။ရှေးလူကြီးတွေ  ပြောကျတယ်လေ။ထောင်ထွက်တာကလည်း  ပျော်စရာအကောင်းဆုံး  အချိန်ထဲကကာလတခုပါတဲ့။သွားပြီ။  ကိုဇာဂနာပြောမှ  ရှေးထုံးစကားက   ၂၁  ရာစုမှာ မြောင်းထဲေ၇ာက်သွားပြီ။
(၂)။                 ။ ဘုန်းကြီးဆွမ်းကပ်လို့  ဆိုတဲ့   စကားနောက်မှ  တကယ်ဆို ကိုဇာဂနာ  ခင်ဗျာကိုယ့်ကိုယ်ကို လိပ်ပြာလုံရဲ့ လားဆိုတာ ခင်ဗျာကိုယ်တိုင်ပဲသိမှာပါ  ။  ဆွမ်းကပ်တာမှန်ပေမဲ့   ခင်ဗျာဆွမ်းကပ်ခဲ့ တာက  မီးလောင်ဖို့  အောက်ဆီဂျင် ပေးနေတဲ့ အချိန်ဆိုတာကို  ခင်ဗျာပြောဖို့ မေ့ သွားသလားဆိုတာ ထောက်ပါရစေ။ ဆွမ်းလောင်လို့ ဖမ်းတာဆိုရင် မွတ်စလင်လုပ်မယ်လို့ ပြောခဲ့ တဲ့  ခင်ဗျားက ကျနော်  မိရိုးဖလာ   ဗုဒ္ဓဘာသာ  ဘာသာပါလို့ ပြောလိုက်တာနဲ့  အတူတူပဲမို့   ဘုရားကျောင်းကန်မှာများတွေ့ ခဲ့ ရင်  မြင်သူမရှက်ယိုသူရှက်ရမဲ့ အဖြစ်ဆိုတာ  ငဘဆိုတဲ့ ကျနော်  ရဲရဲ ပြောရဲတယ်။
(၃)။  ထောင်သားတွေအားလုံးကိုလွတ်ပေးစေချင်ရအောင် မြန်မာနိုင်ငံက တရားဥပဒေမဲ့ နိုင်ငံတခုမှ  မဟုတ်တာ။ ယုတ်စွအဆုံး တောင်သာကတွေ၊မြင်းခြံကတွေနဲ့   ပေါက်ဖော်တွေ  အားလုံးကို ညွန်းနေမဲ့  အစား  ခင်ဗျာပြောလိုက်တဲ့   အားလုံးကို လွတ်စေချင်တယ်ဆိုတဲ့ စကားကဘောင်ကျော်နေတယ်ဗျ  တနည်းအားဖြင့် ဆိုရင်  မြန်မာနိုင်ငံမှာ ထောင်ဆိုတာ  မလိုအပ်ဘူးလို့  ခင်ဗျား သွယ်ဝိုက်ပြောနေသလို ဖြစ်မနေဘူးလား။
(၄)။              နောက်တချက်ကတော့ ။ဒေါ်အောင်ဆန်းစုကြည်လွတ်လာတော့   ဘာပြောလဲဆိုရင်  အရင်ဆုံးဘာလုပ်မလဲလို့ မေးတော့   ဆိုရှယ်နက်ဝေါ့   သုံးမယ်ဆိုပဲ။ပြီးတော့   အလုပ်မအားလို့ မသူံးနိုင်ပါဘူးဆိုပြီး လေပြန်လျော့ သွား၇ှာတယ်။ပြီးတော့  ဘောလုံးပွဲသွားကြည့် တယ် ။မဟုတ်ဘူးလား။
ငဘပြောတာနည်းနည်းလွန်လား။ရတယ် မမှန်ဘူးလို့ ငြင်းနိုင်ရင် ငြင်းလို့ ရပါတယ်။ခု ခင်ဗျာ က လေယာဉ်ပေါ်ကဆင်းဆင်းချင်း  ပြဇာတ်မကဖို့ သွားတားမယ်ဆိုတော့    ခင်ဗျားကြိုးစားမယ်ဆိုတဲ့   အတိုင်းအတာတခုကိုတော့   ငဘမပြောနဲ့ တော်တော်များများတော့ တွေဝေသွားကျမှာအမှန်ပဲ။နည်းနည်း
အလုပ်ကြီး အကိုင်ကြီးများဖြစ်နေသလားလို့ ပါ။
(၅) အဆိုးဆုံးက  ပြည်သူတွေအစား  လွတ်တော်မှာ တာဝန်ထမ်းဆောင်နေတဲ့ လွတ်တော်အမတ်တွေကို စော်ကားလိုက်တာပဲ။တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အစိုးရကို ကူညီဆောင်ရွက်ပေးတဲ့လုပ်ငန်း ခင်ဗျာ  ဘာလုပ်ပေးဖူးပြီလဲဆိုတာ  ပြန်တွေးကြည့်ပြီးမှ   အိုင်ကျူလယ်ဘယ် သတ်မှတ်ပြီးစော်ကားလို့ ရချင်ရပါလိမ့်မယ်။ တိုင်းပြည် အခက် တွေ့ နေ ချိန်မျိုးမှာပြည်သူသဘောကျအောင်  ဟာသနှောတာတော့  ခင်ဗျာ  မပြောနဲ့ ကျူပ်လည်းလုပ်တက်တယ်  ကို ဇာဂနာ။
(၆)။            (၈၈) တုန်းက  ကျနော်တို့ ဘာလို့ လမ်းပေါ်ထွက်ခဲ့   သလဲ။လိုချင်တာတောင်းဖို့ ပါလို့ ပြောခဲ့ တဲ့  စကားနောက်ကွယ်မှာ  ပေးကမ်းစာတွေကို  ယူခဲ့ကျတာကိုလည်း  ကိုဇာဂနာမေ့လျော့ခဲ့ ဟန်ပါ။တီရှပ်တွေဝေ၊ထမင်းထုပ်တွေဝေ၊မုန့် တွေ ကျွေးနဲ့   တကယ်ဆို စစ်မှန်တဲ့ တောင်းဆိုမှု့ တွေမှာ  ဒါတွေကင်းဖို့ ကိုလည်း  ဘာလို့ များ  မထောက်ပြခဲ့ တာလဲ။လမ်းပေါ်မှာ  ငါကွဆိုတဲ့ အတွေးမျိုးနဲ့   လျောက်ခဲ့ ကျတဲ့ သူတွေ၊ဘုမသိဘမသိသူတွေပါခဲ့ တာကိုလည်း  ကိုဇာဂနာ  မပြောခဲ့ ပါဘူး။ငဘ ရွီးနေတာမဟုတ်ပါဘူး။ဆရာအောင်သင်းပြောတာ ပါ။လမ်းပေါ်လျောက် ဆန္ဒပြတော့  ဆရာအောင်သင်း  (၆)တန်းပဲရှိပါသေးတယ်။မြန်မာနိုင်ငံမှာ (၆)တန်းနဲ့ ဒီမိုကရေစီအကြောင်းနားလည် ရင်  ငဘကို ပါးလာရိုက်လှည့်။နိုင်ငံရေးကို လုပ်ချင်ရင်သမိုင်းနဲ့ ဥပဒေကို ထမင်းစားရေသောက်လုပ်နိုင်မှသာ  နိုင်ငံရေးသမားလို့ ပြောလို့ ရတာပါ။လက်တီးလက်မောင်းတန်းပြီး  လမ်းလျောက်ရုံနဲ့  ယုံကြည်
ချက်နဲ့  နိုင်ငံရေးသမားလို့ ခေါင်းစဉ်တပ်ဖြစ်ရင်   ..................ဟုတ်ကဲ့  တွေးတာကြည့် တော့ ဗျာ။
(၇)။       ရူးချင်တဲ့သူကို  ဗုံတီးပေးတဲ့  အထဲမှာ မီဒီယာလည်းပါပါတယ်။BBC လုပ်ချလိုက်ပုံက  ကမ္ဘာကျော်လို့ ညွှန်းလိုက်တာတော့နည်း  လွန်သွားပြီထင်ပါတယ်။လက်ရှိကာလအခြေအနေအရသာ  ဟော့ ဖြစ်ခဲ့ ကောင်းဖြစ်နိုင်ပေမဲ့    မြန်မာနိုင်ငံကိုတောင် ဥရောပတိုက်သားတွေသိအောင်  မနည်းရှင်းပြနေရတာ  ။မြန်မာနိုင်ငံထဲက   လူရွှင်တော်တယောက်ကို   BBC မွမ်းလိုက်ပုံက  မက  က ချင်အောင်များ လုပ်ပေးနေရော့ သလားဆိုတာ   BBC သာ  အသိဆုံးနေမှာပါ။
(၈)၊         ABSDF   အဖွဲ့ ဝင်နဲ့ ဗျူးထားတာလေးလည်း ဖတ်ကြည့် ပါဦးဗျာ။  လူသတ်မှု့ ၊လက်နက်ငယ်မှု့ ၊မတရားအသင်း ဆက်သွယ်မှု့တွေကြောင်းသူဖမ်းခံရတာပါ။လူသတ်မှု့နဲ့တင်  တကျွန်းချလို့ ရပါတယ်။အမှားဆိုတဲ့ စကားလုံးကိုကာကွယ်ပေးဖို ရှေ့နေ ဆိုတာ  မြန်မာနိုင်ငံမှာရှိသေးတယ်ဆိုတာကိုအောင်ကျော်စိုး  လစ်လျူရှု့ မိဟန်တူပါတယ်။သေဒဏ်ကနေ  တကျွန်း ၊။တကျွန်းကနေ ပြန်လွှတ်ပေးတာကိုကမှ အားမနာကိုယ်ဘက်ကကြည့်တော့ လက်ဖ၀ါးတွေ၊သူ့ဘက်ကကြည့်တော့ လက်ဖမိုးတွေ လုပ်ပြနေတော့နည်းနည်းတော့ မသတီလာတော့ဘူးဗျာ။
(၉)        ဟုတ်ကဲ့ ။BBC   ကတော့  ကိုဇာဂနာကြီးကို    ကမ္ဘာကျော်  မြန်မာ့လရွှင်တော်   လို့ သုံးနှုန်းသွားပုံထောက်ရင် .......
                                                                                                                                       ငဘ
                                               နဂိုရပြီးသားလျော့ ရက်တွေပါ
                                     လျော့ ရက်မပါဘူးဆိုပြီး  ဗျောင်လိမ် ဗျောင်စား
                                       မြန်မာပြည် မှာထောင်မလိုဟု သွယ်ဝိုက်ပြောလိုက်သောကိုဇာဂနာ
                               ထောင်ကထွက်ရင်မပျော်ဘူးဆိုပြီး  ရှေးစကားကို ၂၁ ရာစုမှာ ပယ်ရှားလိုက်တဲ့               ကိုဇာဂနာ
                       BBC မှ   ချီးမွှမ်းသွားသော   ကမ္ဘာကျော်  မြန်မာ့ လရွှင်တော်  ဇာဂနာ
ပုံများကို မမြင်ပါက  ကလစ်နှိပ်ပြီးကြည့် ပါ။
(http://shaesaunglungal.blogspot.com/2011/10/blog-post_5138.html) မှကူးယူဖော်ပြပါသည်။
4 comments:
  1. အော်ကိုဘ..ကိုဘ..ခင်ဗျားပြောတော့လည်းခင်းဗျားပဲလူတက်ပနော်။
    ဘာမှလည်းခင်ဗျားလုပ်တာတွေပြည်သူတွေသိအောင်မလုပ်ပြပဲနဲ့
    ခင်ဗျားကလည်းတစ်မျိုးလူစားပဲ။အတော်ဂွကျတယ်။
    ReplyDelete
  2. ငဘ ဇာပနာထက် ပို ကောင်းတဲ့ ပျက်လုံးလေး ဖေ့ဘွတ်မှ လာထုတ်ဗျာ။ လေပုတ်တွေတော့ မထုတ်နဲ့နော်။၆ တန်း-က ဒီမိုကရေစီနားမလည်ဘူးဆိုတော့ ဦးနေ၀င်း နိုင်ငံတော်အုပ်ချုပ်သွားတာ-ပါတီတွင်းဒီမိုကရေစီဆိုတာကြီးတောင်လုပ်ခဲ့သေးတာပဲနော်-အံ့ပါ့။အမြီးအမောက်မတဲ့တဲ့ဇာဂနာက အမေရိကန်လှည့်တောင်ကျွေး။ မြန်မာက အမေရိကန်ဒေါ်လာ ၁၁ ဘီလျံဖိုးအကြွေးတင်။ ခင်များတို့ကလည်း နိုင်ငံရေးသမားတွေကို ထောင် ချ၊ နှိပ်စက်၊ သပုတ်လေလွင့်ပြော--ဘာလဲဗျာ မြန်မာပြည်။ စစ်သားပြည်သူအတူတူဆို-ပြည်သူထဲကပေါက်ပွားလာသောဘာသောညာသော တပ်မတော်သားတွေကြည့်လိုက်ယင် ဒါတွေပဲပုတ်ခတ်ပြောနေတာပဲ။ ဒီလောက်ပြောချင် ဇာဂနာတို့လို ကမ္ဘာလှည့်ပြောဗျာ။ခင်များ ပြောမှာလား။
    ReplyDelete
  3.ိကိုဘ ခင်ဗျားက .... ဝေဖန်ရေးသမားသက်သက်ကြီးပါဗျာ...
    ခင်ဗျား စကားတွေက $ဆင့် မရှိပါဘူး .... ပုတ်ခတ်တာတွေကြီးပါပဲ .... သူလိုမျိုး အပုံ ၁၀၀ပုံ တပုံလောက် လုပ်ကြည့်ပါလားဗျာ .....
    ReplyDelete
  4. ကိုယ်မေကိုယ်လိုးတွေ
    မင်းတို့ စောက်အဓိပ္ပါယ်မရှိတာတွေ အပြော မရပ်သေးဘူးလား
    ReplyDelete