Monday 29 June 2015

စင်ကာပူသို့ သူနာပြုလုပ်သားတရားဝင် ပြန်လည်စေလွှတ်နိုင်ရေး အေဂျင်စီအဖွဲ့ချုပ်စီစဉ်နေဟုဆို

စင်ကာပူတွင် သူနာပြုလုပ်ကိုင်နေသူအချို့ကို လုပ်ငန်းခွင်၌ တွေ့ရစဉ်(ဓာတ်ပုံ - todayonline.com) 
စင်ကာပူနိုင်ငံသို့ သူနာ ပြုလုပ်သား တရားဝင်ပြန်လည် စေလွှတ်ခွင့်ရရှိရန်  စီစဉ်နေကြောင်း မြန်မာနိုင်ငံ ပြည်ပ အလုပ် အကိုင်ရှာဖွေရေး  ၀န်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ သ တင်းရရှိသည်။

မြန်မာနိုင်ငံမှ သူနာပြုလုပ်သားများမှာ ယခင်ကတရားမ၀င် သွားရောက်လုပ်ကိုင်မှုများသာရှိ ခဲ့ပြီး လွန်ခဲ့ သည့် တစ်နှစ်ကျော်မှ စ၍  မြန်မာအစိုးရကတရားဝင် စေလွှတ်ခွင့်ပေးထားသော လုပ် ငန်းအမျိုးအစား မဟုတ်ဟုဆိုကာ သွားရောက်လုပ်ကိုင်မှုကို ထိန်း ချုပ်ခဲ့သည်။

သူနာပြုလုပ်သားခေါ်ယူရန် စင်ကာပူနိုင်ငံက ကမ်းလှမ်းမှုများ ပြုလုပ်ထားပြီး သက်ဆိုင်ရာအေ ဂျင်စီများ ကလည်း တရားဝင်အ ဖြစ် ပြန်လည်စေလွှတ်လိုမှုများ ရှိနေခြင်းကြောင့် အလုပ်သမား ၀န်ကြီးဌာနသို့   တင်ပြရန်စီစဉ်နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံပြည်ပ အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှုလုပ်ငန်းရှင် များအဖွဲ့ ချုပ် (MOEAF) ဒုတိယဥက္ကဋ္ဌ ဦး စိုးမြင့်အောင်ကပြောသည်။

 ‘‘၀န်ကြီးဌာနကတော့ အ လုပ်သမားအတွက် ဘာတွေရနိုင် မလဲ၊ ဘယ်လိုအကျိုးအပြစ်ရှိနိုင် မလဲဆိုတဲ့ အချက်ကို တင်ပြခိုင်း ထားတယ်။ အလုပ်သမားအတွက် အာမခံချက်ရှိရင်စဉ်းစားပေးသွား မယ်ဆိုတဲ့ အတွက် ကျွန်တော်တို့ ဘက်က ၀န်ကြီးဌာနကိုတင်ပြ သွားဖို့ရှိပါတယ်’’ဟု ဦးစိုးမြင့် အောင်ကပြောသည်။

လုပ်သားစေလွှတ်ရာတွင် အလုပ်သမားများ ရသင့်ရထိုက် သော အကျိုးရလဒ်များ၊လုပ်သား ခေါ်ယူမှု အခြေအနေများနှင့်ပတ် သက်သည့် စာတမ်းကိုအပြီးသတ် ရေးဆွဲထားပြီးဖြစ်၍ ဇူလိုင်အ တွင်းပြုလုပ်မည့် ၀န်ကြီးဌာနနှင့် MOEAF အပတ်စဉ်အစည်းအဝေး ၌ တင်ပြသွားမည်ဟုသိရသည်။

‘‘အဓိကကတော့ အလုပ်သ မားတွေအတွက် လုံခြုံမှုနဲ့အာမခံ ချက် ဘယ်လောက်ရနိုင်မလဲဆို တာ ကြည့်ရမှာပေါ့။ တကယ်အ ခွင့်အရေးပြည့်ပြည့်၀၀ရမယ်ဆို ရင်တော့ စဉ်းစားပေးသွားမယ်။ ခွင့်ပြုချက် အတွက် ကတော့ ပြည် ထောင်စုအစိုးရရဲ့သဘောထား ပါ ရယူရမှာဖြစ်ပါတယ်’’ဟု အ လုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြော သည်။

ပြည်ပသို့အလုပ်သမားပို့ဆောင်ရာတွင် အလုပ်သမားအတွက် တစ်လလျှင် အနည်းဆုံးဒေါ်လာ ၅၀၀ ရရှိပြီး အလုပ်သမားအခွင့် အရေးအပြည့်အ၀ကာကွယ်ပေးပါက စဉ်းစားလက်ခံပေးမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်ကပြော ကြားထားသည်။

ထို့အတူ မြန်မာအိမ်အကူ လုပ်သားကို စင်ကာပူနိုင်ငံက ပြန်လည်ခေါ်ယူလိုသော်လည်း နိုင်ငံအတွင်း ယင်းလုပ်သား စေလွှတ်မှုအပေါ် ဝေဖန်မှုများရှိနေ၍ လောလောဆယ်တွင်  ပြန် လည်ခွင့်ပြုပေးရန် မဖြစ်နိုင်သေးဟု ဆိုသည်။

7Day DAILY 

No comments:

Post a Comment