Monday 29 June 2015

သံတွဲနှင့်တောင်ကုတ်တွင် ရေကြီးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်း များ မစတင်နိုင်သေး

ရခိုင်ပြည်နယ် သံတွဲမြို့ တွင် သံတွဲချောင်းရေကြီးမှုမှာ ဇွန် ၂၆ ရက် ည ၁၂ နာရီတွင် ရေပြန်ကျသွား သော်လည်း ၂၇ ရက် နံနက် ၁ဝ နာရီတွင် ရေ ပြန်လည် မြင့်တက်လာကြောင်း သံတွဲဒေသခံများထံ မှ သိရသည်။


ရေပြန်ကျသွားခြင်းကြောင့် နှုန်း တင်ကျန်ခဲ့ပြီး နှုန်းမြေများကို ဆေးကြော နေစဉ် ယခုကဲ့သို့ ရေပြန်တက်လာခြင်းဖြစ် သည်ဟု ဒေသခံတို့က ဆိုသည်။ ''ညကလဲ တစ်ညလုံး မအိပ်ရ သေးဘူး။ အခုလဲ ရေပြန်တက်လာလို့ ဘယ် သူမှ အောက်ကို မဆင်းရဲကြဘူး''ဟု သံတွဲ မြို့ဒေသခံ ဦးခင်စိုးကပြောသည်။
သံတွဲချောင်း ရေလျှံရေကြီးခြင်း ကြောင့် အဝေးပြေးကားလိုင်းများ၊ စာသင် ကျောင်းများ၊ အစိုးရရုံးတချို့ ပိတ်ထားရ ကြောင်း သိရသည်။  ''ဆေးရုံကတော့ ပိတ်လို့မရဘူး လေ။ ဆေးရုံထဲမှာလဲ ရေက ပေါင်လောက် ဖြစ်နေပြီ။ အခုအချိန်ထိတော့ ကယ်ဆယ် ရေး မတွေ့ရဘူး''ဟု ဒေသခံဦးမင်းထွေးက ပြောသည်။

သို့သော် သံတွဲမြို့ပေါ်မှ ရေဘေး ဒုက္ခသည်များကို စစ်တပ်မှ မဟာဘောဓိ ကကုန်း ဘုန်ကြီးကျောင်းတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေကြောင်း၊ သံတွဲမြို့ အတွင်း လှည့်လည်၍ လော်စပီကာဖြင့် မြစ် ရေကြီးခြင်း သတိပေးချက်ကို လိုက်လံဆော် သြနေကြောင်းကိုလည်း သိရသည်။ သံတွဲမြို့အပြင် သံတွဲခရိုင် တောင် ကုတ်မြို့တွင်လည်း ရေကြီးမှုကြောင့် ဆေးရုံ မှ လူနာများကို ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းများသို့ ပြောင်းရွှေ့ကုသနေရသည့် အပြင် တောင်ကုတ်မြို့ ဘုတ်ဆိပ်(သင်္ဘော) ချောင်းနားတန်းရပ်ကွက်ရှိ ဈေးဆိုင်များ မှာ ရေစီးဖြင့် မျောပါသွားပြီဖြစ်ကြောင်း ဇွန် ၂၇ ရက် နံနက် ၁ဝ နာရီ တောင်ကုတ် မြို့ ဒေသခံများသို့ ဆက်သွယ်မေးမြန်းချက် အရ သိရသည်။

''မိုးကတော့ အဆက်မပြတ် တ အားရွာနေတယ်။ ဒီပုံစံအတိုင်းဆိုရင် ရေ က ဆက်ပြီး ကြီးဦးမှာပဲ''ဟု တောင်ကုတ် မြို့မှ ဒေသခံတစ်ဦးက ပြောသည်။ ရေကြီးခြင်းကြောင့် လူအသေ အပျောက် ရှိသည်ကို မကြားရသေးသော် လည်း တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ် တို့ရှိ လယ်ယာမြေဆုံးရှုံးမှုများ ရှိကြောင်း ဒေ သခံများထံမှ သိရသည်။

သံတွဲခရိုင်အတွင်း ဇွန် ၂၅ ရက် နံနက် ၈ နာရီခန့်မှ စတင်ရေတက်ခဲ့ခြင်း ဖြစ်ပြီး ရေတက်နေသည်မှာ သုံးရက်ကြာမြင့် ပြီဖြစ်သည်။

Yangon Media Group 

No comments:

Post a Comment