Monday 29 June 2015

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အောင်မြင်မှု မရခဲ့သော်လည်း ပြင်ဆင် ရန်ကြိုးပမ်းမှု မှတ်တမ်း တင် ကျန်ရှိနေ မည် ဟု သူရဦးရွှေမန်းဆို

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်မှုအောင်မြင်မှုမရခဲ့သော်လည်း ပြင်ဆင်ရန်ကြိုးပမ်းမှုမှာ မှတ် တမ်းတင် ကျန် ရှိနေ မည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌသူရ ဦးရွှေမန်း က ပြည်သူ များထံ ပြန်ကြားလိုက်သည်။

ယင်းပြန်ကြားချက် ကို ဇွန် ၂ရ ရက်တွင်ရေးသားပြီး လွှတ်တော်နာ ယကသူရဦးရွှေမန်းက ယင်း၏တရား ဝင်လူမှု ကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက် နှာမှထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းပြန်ကြားချက်တွင် အမျိုး သားပြန်လည်သင့်မြတ်ရေး၊ တပ်မ တော်နှင့် ပြည် သူ အကြားပိုမိုကောင်း မွန်သည့် ချစ်ကြည်မှု တည်ဆောက်နိုင် ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိ ရေးတို့အား အထောက်အကူဖြစ်စေ ရန် ဖွဲ့စည်းပုံအခြေခံဥ ပဒေပါ ပြဋ္ဌာန်း ချက်အချို့အား ဖြေလျှော့အောင်မြင် နိုင်ရေးကို မိမိ၏ဦးဆောင် မှုဖြင့် ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကြိုးပမ်းခဲ့သည် ဟုဖော်ပြ ထားသည်။

ယင်းကြိုးပမ်းချက်မှာ အောင် မြင်မှုမရရှိခဲ့သည့်တိုင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ ရေရှည်အကျိုးအ တွက် ဆောင်ရွက်ချက် တစ်ခုအဖြစ် မှတ်တမ်းတင်ကျန်ရှိနေမည် ဖြစ်ပြီး ရှေ့ဆက်၍ ပြည်သူတို့၏ရေရှည် အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် ကိစ္စရပ်များ အား မိမိကိုယ်တိုင် အနေ ဖြင့်လည်းကောင်း၊ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးအနေဖြင့်လည်းကောင်း၊ ပါတီ ဥက္ကဋ္ဌတစ်ဦး အနေဖြင့်လည်းကောင်း အစဉ်တစ်စိုက်ကြိုးပမ်းဆောင် ရွက် သွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်း က ရေးသားထုတ်ပြန် ထားသည်။

မကြာခင်ရက်ပိုင်းကကျင်းပခဲ့ သည့် ပြည်ထောင်စုလွှတ်တော်အ စည်း အဝေး တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ-၄၃၆(က)ပြင်ဆင်အတည်ပြု ချက်တွင် ပုဒ်မ-၅၉(ဃ) မှလွဲ၍ ပုဒ်မ- ၄၃၆အပါ အဝင်ပုဒ်မငါးခုမှာ အတည် မပြုနိုင်သည့် အခြေအနေဖြစ်ပေါ် ခဲ့ပြီး လာမည့် လွှတ်တော်အစည်း အဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုပြင်ဆင်သည့် ဥပဒေကြမ်း(ခ)ကို ဆက်လက်ဆွေးနွေးဆုံးဖြတ်တော့မည် ဖြစ်သည်။

YM
‎Democracytoday‬

No comments:

Post a Comment