Wednesday 24 June 2015

မားစ်ရောဂါကာကွယ်ရေး အာဆီယံနိုင်ငံများနှင့် ထိုင်း ပူးပေါင်းလုပ်ဆောင်မည်

အသက်ရှုလမ်းကြောင်းဆိုင်ရာ MERS ကူးစက်မြန်ရောဂါ ကာကွယ်တာ ဆီးရေးနှင့် ပတ်သက်ပြီး အရှေ့တောင် အာရှ နိုင်ငံများနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာက မနေ့က နေပြည်တော်တွင် ကျင်းပသည့် ၆ကြိမ်မြောက် ဧရာဝတီ - ကျောက်ဖယား- မဲခေါင် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု မဟာဗျူဟာ (အက်စ်မက်) ထိပ်သီးအစည်းအဝေးတွင်
ပြောဆိုလိုက်သည်။ မားစ်ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်လေလာရေး၊ ပျံနှံမှု တားဆီးရေး စသည့်လုပ်ငန်း များကို အာဆီယံ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် လုပ်ဆောင်ရန် ထိုင်းကျန်း မာရေးဝန်ကြီးဌာ နနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနကို တာဝန်ပေး မည်ဖြစ်ကြောင်းသိရသည်၊ ထိုင်းနိုင်ငံသည် ဒေသတွင်း၌ ပထမဆုံး မားစ်ရောဂါ တွေ့ရှိခဲ့သည့် နိုင်ငံဖြစ်သည်။

ဧရာဝတီ

No comments:

Post a Comment