Tuesday 30 June 2015

“Yes” ဂီတအဖွဲ့မှ ဘေ့(စ်) ဂီတာသမား Chris Squire ကွယ်လွန်

၁၉၇၀ ပြည့်လွန်နှစ်များက နာမည်ကျော်ကြားခဲ့သော ဗြိတိသျှ ရော့(ခ်)ဂီတအဖွဲ့ “Yes” အား ပူးတွဲ တည်ထောင်ခဲ့သူ ဘေ့(စ်) ဂီတာသမား Chris Squire သည် ဇွန်လ ၂၇ ရက်နေ့တွင် ကွယ်လွန် သွားခဲ့ပြီ ဖြစ်ကြောင်း “Yes” ဂီတ အဖွဲ့သားများက ဆိုသည်။

သူကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ် ရှိပြီ ဖြစ်သည်။

“ကျွန်တော့်ရဲ့ ချစ်သူငယ်ချင်းလည်း ဖြစ်တဲ့၊ အနုပညာဈာန်ဝင်မှုတွေ ဖြစ်လာအောင် လှုံ့ဆော်နိုင်စွမ်း လည်း ရှိတဲ့ ဂီတအဖွဲ့သား Chris Squire ကွယ်လွန်သွားပြီ ဖြစ်တဲ့အကြောင်း ဝမ်းနည်းစရာ သတင်းကို အကြောင်းကြားရတာ၊ စကားလုံးတွေနဲ့ ဖော်ပြလို့ မရအောင် အရမ်းပဲ ယူကျုံးမရ ဖြစ်မိပါတယ်” ဟု “Yes” ဂီတအဖွဲ့မှ ကီးဘုတ်တီးခတ်သူ Geoffrey Downes က တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။

Chris Squire က သူသည် လူကီးမီးယား ဝေဒနာ တစ်မျိုးကို ခံစားနေရကြောင်း မေလက ထုတ်ဖော် ကြေညာခဲ့သည်။

ဘေ့(စ်) ဂီတာသမား Chris Squire မှာ အာရီဇိုးနား ပြည်နယ်ရှိ Phoenix မြို့တွင် စနေနေ့ညက ကွယ် လွန် သွားခဲ့ခြင်းဖြစ်ကြောင်း “Yes” ဂီတ အဖွဲ့သားများက ဆိုကြသည်။

REF : BBC

No comments:

Post a Comment