Wednesday 3 September 2014

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောနယ်စပ်သို့ ၀င်ရောက်လာသူများကို အီဘိုလာစစ်ဆေးမှုများ ပြုလုပ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မောင်တောနယ်စပ်သို့ ၀င် ရောက်လာသူများကို  သြဂုတ် ၂၂ ရက်မှ စတင် ကာ မောင်တောမြို့ အမှတ်(၁) ၀င်၊ ထွက်စခန်းတွင် မြို့ နယ်ဆရာဝန်များနှင့် သူနာပြု ဆရာမများက အီဘို လာရော ဂါ ရှိ၊ မရှိ စစ်ဆေးနေကြောင်း သတင်းရရှိသည်။
‘‘အဓိက ကတော့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ၀င်လာတဲ့သူတွေမှာ ဖျားနာသူတွေပါလာသလား ဆိုတာကို စစ်ဆေးတာ ဖြစ်တယ်။ စက်လှေဝင်ချိန်ဖြစ်တဲ့ နေ့ခင်း ဘက်နဲ့ ညဘက်မှာ စစ်ဆေးနေ တာ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံကို ၀င်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားနဲ့ တစ်ဖက်နိုင်ငံကို သွားပြီး ပြန်လာ တဲ့ ဒေသခံတွေကိုပါ စစ် ဆေးတာ ဖြစ်ပါတယ်။ အဓိက က တော့ အီဘိုလာရောဂါလက္ခဏာ ရှိ၊ မရှိ စစ်ဆေးတာ ဖြစ်ပါတယ်။ အခုတစ်ပတ်အတွင်းမှာတော့ ရောဂါလက္ခဏာရှိတဲ့ သူတစ် ယောက်မှ မတွေ့ပါဘူး။ သြဂုတ် ၂၂ ရက်ကစပြီး တစ်နေ့ကို နယ် စပ်ဖြတ်ကျော်ဝင်လာတဲ့သူ ၁၂၀၊ ၁၃၀ အထိ စစ်ဆေးနေတာဖြစ်ပါတယ်’’ဟု မောင်တာမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း က ပြော သည်။

အလားတူ ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ်စပ်ဆိပ်ကမ်းတွင်လည်း မြန်မာနိုင်ငံမှ သွားသော ခရီးသည် များနှ င့် မောင်တောနယ်စပ်မှ ပြန်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အီဘိုလာရောဂါ စစ်ဆေးမှု များပြုလုပ်နေကြောင်း မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေ့စဉ်သွားလာနေသည့် တစ်နိုင် တစ်ပိုင် ကုန်သွယ်သူ တစ်ဦးက ပြောကြားသည်။

‘‘ဒီလောက်ကြောက်စရာ ကောင်းတဲ့ရောဂါ ကိုယ့်နိုင်ငံထဲ ကို ပါမလာဖို့ ကြိုတင်စစ်ဆေးမှု ပြုလုပ်တာက အကောင်းဆုံး ကာကွယ်မှု လုပ်ငန်းတစ်ခုပါ။ ဘင်္ဂလားဒေ့ရှ်က ၀င်လာတဲ့သူတွေ ကို အမှတ်(၁)၀င်၊ ထွက်ဂိတ် သာမက တခြားနယ်စပ်ဂိတ်ပေါက်တွေက ၀င်လာတဲ့သူတွေကိုပါ စစ်ဆေးမှုများ ပြုလုပ်သင့် ပါတယ်’’ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။

7Day DAILY

No comments:

Post a Comment