Sunday 28 June 2015

ကိုဘာနီမြို့ကို အိုင်အက်စ်အပြင်းအထန် ထိုးစစ်ဆင်၊ ကာ့ဒ်တပ်ဖွဲများ ပြန်လည်တိုက်ထုတ်

တူရကီနယ်စပ်က မဟာဗျူဟာကျတဲ့ ကိုဘာနီမြို့ကို အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ်တွေက ဒုတိယအကြိမ် အပြင်းအထန်ထိုးစစ် ဆင်ခဲ့ပေမယ့် ဆီးရီးယားကာဒ့်တွေက ပြန်လည်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ဆီးရီးယားလူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဇွန် ၂၇ ရက်နေ့ ပြောပါတယ်။ဒါပေမယ့် အိုင်အက်တို့ရဲ့ ထိုးစစ်အတွင်း အပြစ်မဲ့အရပ် သား ၂၀၀ ကျော် သေဆုံးတယ်လို့ ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေးတွေနဲ့ အမျိုးသမီးတွေပါဝင်ပြီး အများစုဟာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ကြတယ်လို့ ပြောပါတယ်။
ကိုဘာနီမြို့ကို အခုနှစ် ဇန်န၀ါရီလက ဆီးရီးယား YPG ကာဒ့်တပ်ဖွဲ့တွေက အမေရိကန်နဲ့ မဟာမိတ်လေကြောင်း ပစ်ကူပေးမှုတွေနဲ့ အိုင်အက်စ်လက်ထဲကနေ တိုက်ခိုက်သိမ်းယူထားတာပါ။
ဇွန် ၂၇ ရက်နေ့က အိုင်အက်တပ်ဖွဲ့ဝင် ၈ ဦး မြို့မြောက်ဘက် တူရကီနယ်စပ်ဘက်ကို ထွက်ပြေးသွားတယ်လို့ ကာဒ့်တပ်ဖွဲ့ပြောခွင့်ရက ပြောဆိုပါတယ်။
မြို့ထဲမှာ ပုန်းအောင်းနေတဲ့ အိုင်အက်စ်တွေ ရှိနိုင်သေးတာကြောင့် ရှာဖွေရေးတော့ ဆက်လုပ်နေတုန်းပဲလို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းက ဟက်စာခါ (Hassakeh) မြို့ကိုလည်း အိုင်အက်စ်တပ်ဖွဲ့တွေ အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီး ဆီးရီးယားအစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
အဲ့ဒီမှာတော့ မြို့ခံ ၆ သောင်းလောက် နေရပ်စွန့်ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂက စာရင်းထုတ်ပြန်ပါတယ်။
အိုင်အက်စ်တွေက ဒီမဟာဗျူဟာကျတဲ့ မြို့ ၂ မြို့ကို တချိန်တည်း ထိုးစစ်ဆင်ခဲ့တာပါ။ တူရကီသမ္မတက တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ ကာဒ့်နိုင်ငံ လုံးဝထူထောင်ခွင့်မပေးဘူးလို့ အတိအလင်းပြောဆိုပါတယ်။
ဒါပေမယ့် ဒီတခါ ကိုဘာနီမြို့ကို အိုင်အက်စ်တွေ ၀င်ရောက်လာတော့ တူရကီနယ်စပ်ဘက်ကနေ ၀င်ခွင့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သမ္မတက ငြင်းဆိုပါတယ်။
“အိုင်အက်စ်တွေ ဒုတိယအကြိမ်တိုက်ခိုက်လာတာဟာ ကိုဘာနီမြို့ကို သိမ်းဖို့ ဖြစ်ချင်မှ ဖြစ်ပေမယ့် ဒီမြို့ကို သူတို့အလေးထားတယ်။ သူတို့အချိန်မရွေး တိုက်ခိုက်နိုင်တယ်ဆိုတာကို ပြသဖို့ ရည်ရွယ်တာဖြစ်နိုင်တယ်” လို့ ဆီးရီးယားပြည်တွင်းစစ် အကဲခတ်တွေက ပြောဆိုပါတယ်။
dvb

No comments:

Post a Comment