Wednesday 24 June 2015

ဆီးဂိမ်းထူးချွန်ဆုံး အားကစားမောင်မယ် ၁၀ ဦးတွင် မြန်မာယူ-၂၃ အသင်းခေါင်းဆောင် နေလင်းထွန်းပါဝင်

မြန်မာယူ−၂၃အသင်းခေါင်းဆောင်နေလင်းထွန်း(ကျောနံပါတ်−၈)-ဓာတ်ပုံ−Seagames2015.com
ကျင်းပပြီးစီးခဲ့သည့် စင်ကာပူဆီးဂိမ်းအားကစားပြိုင်ပွဲမှ အထူးချွန်ဆုံးအားကစားမောင် မယ် ၁၀ ဦးအား ရွေးထုတ်ခဲ့ရာ မြန်မာယူ-၂၃ ဘောလုံးအသင်းမှ အ သင်းခေါင်းဆောင် နေလင်းထွန်း ပါဝင်လာကြောင်း  သတင်းရရှိ သည်။

၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲ၏ တရားဝင်ဝက်ဘ်ဆိုက်က ပြိုင်ပွဲ၏ အကောင်းဆုံးအားကစားသမား ၁၀ ဦးကို ကောက်နုတ်ဖော်ပြ ခဲ့ခြင်းဖြစ်ပြီး ဘောလုံးအားကစားမှ နေလင်းထွန်းနှင့် အင်ဒိုနီးရှား ကွင်းလယ်လူ အီဗန်ဒိုင်မက်စ်ဒါမို နိုတို့၏  အမည်များပါဝင်လာခြင်း ဖြစ်သည်။

အကောင်းဆုံးအားကစား သမား ၁၀ ဦးစာရင်းတွင် နေလင်းထွန်းကို ထည့်သွင်းရွေးချယ်ရ သည့် အဓိကအကြောင်းရင်းမှာ ၎င်း၏ ဦးဆောင်မှုစွမ်းဆောင်ရည် ကြောင့်ဖြစ်ကြောင်း ဆီးဂိမ်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းကို လူအများက မျှော်လင့်ချက်ကြီး ကြီးမားမား မထားခဲ့ကြသော် လည်း ရှုံးပွဲမရှိဖြတ်သန်းမှုဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကြောင်း၊အုပ်စုတွင်း ကမ္ဘောဒီးယားနှင့် သရေကျသည့် တစ်ပွဲမှလွဲ၍ ဗိုလ် လုပွဲတက်ရောက်သည်အထိ ပွဲစဉ်အားလုံး အနိုင်ရခဲ့သည့် အသင်း၏ စွမ်းဆောင်မှုတွင် အသက် (၂၂) နှစ်အရွယ် အသင်းခေါင်းဆောင်၏ အားထုတ်မှု များမပါဝင်ဘဲ မဖြစ် မြောက်နိုင်ကြောင်း ဆီးဂိမ်းဝက်ဘ်ဆိုက်၌ ချီးကျူးရေးသားထား သည်။

ထို့အပြင် နေလင်းထွန်းသည် ပြိုင်ပွဲတွင် သုံးဂိုးသွင်းယူခဲ့ပြီး ဗီယက်နမ်နှင့် အကြိုဗိုလ်လုပွဲ၌ ၈၁ မိနစ်တွင် ကွင်းလယ်ဖန်တီးရှင်၏ အနိုင်ဂိုးက မြန်မာအသင်းကို ဗိုလ်လုပွဲတက်ရောက်ရန် အဓိကအ ကြောင်းရင်း ဖြစ်စေခဲ့ကြောင်း လည်း မှတ်ချက်ပေးဖော်ပြထား သည်။

ဆီးဂိမ်း၏ အကောင်းဆုံး အားကစားသမား ၁၀ ဦးစာရင်း တွင် နေလင်းထွန်းနှင့် အင်ဒိုနီးရှားဘောလုံး သမားတို့အပြင် စင်ကာပူ နတ်ဘောမယ် ချာမိန်းဆို၊ ဖိလစ်ပိုင်အပြေးသမား အဲရစ်ရှောင်ခ ရေး၊ အရှေ့တီမောတိုက်ကွမ်ဒိုမယ် လီဆာဒေါ့ဆန်းတို့စ်ရိုဆာ၊ ဗီယက်နမ်ရေကူးမယ် ငုယင်သီ အန်ဗင်း၊ ထိုင်းတင်းနစ်မယ်နော့ ပါဝမ်လတ်ချီဝါကမ်၊ မလေးရှား ဒိုင်ဗင်သမား အွိုင်ဇီလျံ၊ ထိုင်းစားပွဲတင် တင်းနစ်မယ် ဆူသာဆီနီ ဆာဝပ်တာဘူ၊ စင်ကာပူဓားရေး အားကစားမယ် ၀မ်ဝန်ယင်းတို့ ဖြစ်ကြသည်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုဆွတ်ခူးရရှိခဲ့သည့် မြန်မာယူ-၂၃ အသင်းသည် ပြိုင်ပွဲ၏ အ ကောင်း ဆုံးကြယ်ပွင့်အသင်းစာရင်းတွင်လည်း လေးဦးအထိ ရွေးချယ်ခံရပြီးဂိုးသမား ကျော်ဇင်ဖြိုး၊ တောင်ပံလူ စည်သူအောင်၊ ဘယ်နောက်ခံလူ ဟိန်းသီဟဇော်တို့နှင့်အတူ နေလင်းထွန်းလည်း ပါဝင်ခဲ့သည်။

-Ref: Sea Games 2015
7Day DAILY 

No comments:

Post a Comment