Friday 26 June 2015

ဖားကန့်ရဲစခန်းအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်သွင်းတိုက်ခိုက်

ဖားကန့်မြို့နယ်ရဲစခန်း ၀င်းအတွင်းသို့ လက်လုပ်မိုင်းနှစ် လုံးပစ်သွင်းတိုက်ခိုက်မှုကြောင့် ရဲရိပ်သာအဆောက်အအုံအနည်း ငယ်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိ ကြောင်း သတင်းရရှိသည်။
ဇွန်လ ၂၃ ရက် နံနက် ၁၁ နာရီခန့်က ဒေသလုပ် လက်လုပ် မိုင်းနှစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခံရခြင်းဖြစ်ပြီး မိုးညှင်းခရိုင် ဒုရဲတပ်ဖွဲ့မှူး ဖားကန့်မြို့နယ်ရဲစခန်း သို့ လာရောက်နေချိန်နှင့် တိုက် ဆိုင်နေကြောင်း ဒေသခံအရပ် ဘက်အဖွဲ့အစည်းအချို့က ပြော သည်။
‘‘ရဲစခန်းရိပ်သာမှာ ဒုခရိုင် မှူးလာတည်းနေတယ်။ အဲဒီနေ့ မနက်ကပဲ သူတို့ပစ်တဲ့အချိန်နဲ့ ၁၀ မိနစ်လောက်စောပြီးတော့ ဒုခရိုင်မှူးက ပြန်သွားတာ။ ဒေသန္တရလက်လုပ်မိုင်းပေါ့။ ဆိုင် ကယ်ချိန်းအပြတ်တွေနဲ့ သံတိုသံစတွေတွေ့တယ်’’ဟု ကချင်ပြည် နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

ရဲစခန်းအပြင်ဘက် လမ်း ပေါ်မှနေ၍ ဆယ်ပေခန့်မြင့်သည့် ရဲစခန်းဝင်းအုတ်နံရံကို ကျော်ပစ် ခြင်းဖြစ်ပြီး ကေအိုင်အေအဖွဲ့၏ လက်ချက်ဟု ယူဆထားကြောင်း အဆိုပါရဲအရာရှိက ပြောသည်။
ထို့ပြင် ဇွန်လ ၂၃ ရက်တွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုကို ဖြတ်သန်းသွားသည့် တပ်မတော်စစ်ယာဉ်တန်းတစ်ခု မိုင်းခွဲခံရသော်လည်း ထိခိုက်မှုမရှိခဲ့ ကြောင်း သတင်းရရှိသည်။

ထို့အတူ မပေါက်ကွဲသေး သော မိုင်းတစ်လုံးကို ဆိပ်မူကျေး ရွာအုပ်စုတွင် ရှာဖွေဖျက်ဆီးနိုင် ခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲစခန်းမှ သတင်းရရှိသည်။
ယခုရက်ပိုင်းတွင် ဖားကန့် မြို့နှင့် အနီးဝန်းကျင်ရှိမြို့များ၌ မိုင်းပေါက်ကွဲမှုများ မကြာခဏဖြစ်ပွားနေ၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (၇) နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ပိတ်ဆို့ ရှာဖွေရေးလုပ်ဆောင်နေကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment