Tuesday 30 June 2015

နေပြည်တော်နှင့် အူလန်ဘာတာမြို့ကို ညီအစ်မမြို့တော်အဖြစ် သတ်မှတ်

နိုင်ငံတော်သမ္မတဦးသိန်းစိန် အူလန်ဘာတာမြို့ Gandantegchinlen ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဘုရားဆင်း တုတော်ရှေ့တွင် ဆီမီးပူဇော်နေစဉ်။ Photo - CNB 
မြန်မာနိုင်ငံ ၏မြို့တော် နေပြည်တော်နှင့် မွန်ဂိုလီးယားနိုင်ငံအူလန်ဘာတာမြို့တို့ကို ညီအစ်မမြို့တော် (Sister City) အဖြစ်ဆောင်ရွက်ရန် သဘောတူလိုက်ကြောင်းသိရသည်။

မြန်မာနိုင်ငံနှင့် မွန်ဂိုလီးယား နိုင်ငံအကြား ချစ်ကြည်ရေးနှင့် စီး ပွားရေးဆက် ဆံမှု တိုးမြှင့်ရေးအ တွက် မွန်ဂိုလီးယားနိုင်ငံသို့ရောက် ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ သည် ဇွန် ၂၉ရက်က မွန်ဂိုလီး ယားနိုင်ငံမှ တာဝန်ရှိသူ များနှင့်တွေ့ ဆုံစဉ် ယင်းသို့ သဘောတူလက်မှတ် ရေးထိုးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် မွန်ဂိုလီးယားနိုင်ငံသမ္မတ Tsakhiagiin Elbegdorj တို့ ဦး ဆောင်သည့် နှစ်နိုင်ငံချစ်ကြည်ရေး ကိုယ်စားလှယ်ကြီး များသည် ဇွန် ၂၉ရက် က နှစ်နိုင်ငံသဘောတူလက် မှတ်များရေးထိုးသည့် အခမ်းအနား တစ်ခုကို ကျင်းပခဲ့ရာတွင် အဆိုပါ သဘောတူစာချုပ်အပါအဝင် စာချုပ်သုံး ရပ်ကို ချုပ်ဆိုလိုက်ကြောင်း သိရသည်။

အဆိုပါသဘောတူစာချုပ်သုံး ရပ်ချုပ်ဆိုရာတွင် နေပြည်တော် ကောင် စီ၊ ကောင်စီဝင် ဦးကံချွန်နှင့် မွန်ဂို လီးယား နိုင်ငံ အူလန်ဘာတာမြို့ ဒုတိယမြို့တော်ဝန် တို့မှ နေပြည် တော်နှင့် မွန်ဂိုလီးယား နိုင်ငံ အူလန် ဘာတာမြို့တို့ကို Sister City အ ဖြစ်ဆောင် ရွက်ရန် သဘောတူစာ ချုပ်ကိုလည်းကောင်း၊ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေး အောင်နှင့် မွန်ဂိုလီးယားနိုင်ငံ ဟို တယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဝန်ကြီးတို့မှ ခရီးသွား လာရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်ကို လည်းကောင်း၊ မြန်မာနိုင်ငံ ကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဝင်း အောင်နှင့် မွန်ဂိုလီးယားနိုင်ငံ ကုန် သည်ကြီးများအသင်းမှ ဥက္ကဋ္ဌတို့မှ နှစ်နိုင်ငံ ကုန်သည်ကြီးများ အသင်း တို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာအသီးသီး တို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်များသည် ခရီးသွားလာ ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် ရန်သဘောတူခဲ့ပြီး ၂၀၁၆ခုနှစ် တွင် မြန်မာ-မွန်ဂိုလီးယား သံတမန် ဆက်ဆံရေး နှစ်(၆၀)ပြည့်အခမ်းအနားများကို နှစ်နိုင်ငံစလုံးတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ-မွန်ဂိုလီးယားသံတမန် ဆက်ဆံရေးကို ၁၉၅၆ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၆ တွင် နှစ် (၆၀)ပြည့် မည်ဖြစ်ခြင်းကြောင့် သံတမန်ဆက် ဆံရေး နှစ်(၆၀)ပြည့် အခမ်းအနား များကို ကျင်းပရန် စီစဉ်ခြင်းဖြစ်ပြီး ၂၀၁၃ခုနှစ် ဇွန်လအတွင်း မွန်ဂိုလီး ယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mr.L Purevsuren ရောက်ရှိလာခဲ့ ပြီး နှစ်နိုင်ငံအကြား သံတမန်နှင့် အထူးနိုင်ငံ ကူးလက်မှတ်ကိုင်ဆောင် သူများအတွက် အပြန်အလှန် ဗီဇာ ကင်းလွတ် ခွင့်ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန် ချက်များအရသိရသည်။

TEEP
Democracytoday‬ 

No comments:

Post a Comment