Thursday 21 January 2016

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာရေတိမ်ဒေသအဖြစ် အတည်ပြု

အင်းတော်ကြီးဘေးမဲ့တော(ဓာတ်ပုံ − အိဖြူမွန်)
မြန်မာနိုင်ငံ၏ ဒုတိယ မြောက်ရမ်ဆာရေတိမ်ဒေသအ ဖြစ် ကချင်ပြည်နယ်ရှိ အင်းတော် ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို အတည်ပြုသတ်မှတ် ကြောင်း သတင်းရရှိသည်။
အင်းတော်ကြီးတောရိုင်းတိ ရိစ္ဆာန်ဘေးမဲ့တောကို ရမ်ဆာရေ တိမ်ဒေသအဖြစ်အတည်ပြုသတ် မှတ်နိုင်ရန် သဘာဝ ပတ်ဝန်း ကျင် နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနနှင့် နိုင်ငံတကာတိရစ္ဆာန် နှင့်အပင်များအဖွဲ့(FFI)တို့ ပူး ပေါင်းကာ သုံးနှစ်ခန့်ကွင်းဆင်း လေ့လာမှုများပြုလုပ်ခဲ့ရကြောင်းသဘာ၀၀န်းကျင်နှင့် သားငှက်တိ ရစ္ဆာန်ထိန်းသိမ်းရေးဌာန လက် ထောက်ညွှန်ကြားရေးမှူးဒေါက် တာနိုင်ဇော်ထွန်းကပြောသည်။ ‘‘ရမ်ဆာအတွင်းဝန်ရုံးက တော့ အင်းတော်ကြီးကို ဒုတိယ မြောက်ရမ်ဆာဒေသအဖြစ်လက် ခံလိုက်ပါပြီ။ ဖေဖော်ဝါရီ ၂ရက် မှာ ကျရောက်တဲ့ ကမ္ဘာ့ရေတိမ် ဒေသနေ့မှာ တရားဝင်ကြေညာ သွားပါ့မယ်’’ဟု ၎င်းကပြောသည်။

ရမ်ဆာရေတိမ်ဒေသ(Ramsar Site)အဖြစ်သတ်မှတ်နိုင် ရန် စံနှုန်းကိုးခုရှိရာ ယင်းထဲမှ အ ချက်တစ်ချက်နှင့် ကိုက်ညီပါက ရမ်ဆာရေတိမ်ဒေသတစ်ခုအဖြစ် အဆိုပြုနိုင်ပြီး အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှာ အချက်လေးချက်နှင့် ကိုက်ညီ ကြောင်းသိရသည်။ ရမ်ဆာရေတိမ်ဒေသအဖြစ် သတ်မှတ်ခံရပါက ထိန်းသိမ်းရေးလုပ်ငန်းများပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်သကဲ့သို့ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ၍ ဒေသခံများလည်းအလုပ်အကိုင်အခွင့်အလမ်းများတိုးလာမည်ဖြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ဆောင်နေသူများကဆိုသည်။

ကချင်ပြည်နယ် မိုးညှင်းမြို့ နယ်တွင်ရှိသည့် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှာ အမြဲစိမ်းတော၊ ရေတိမ်ဂေဟ စနစ်ဖြစ်ပြီး ဆင်၊ သမင်၊ စိုင်၊ ဆတ်၊ တောဆိတ်၊ တောင်ဆိတ်၊ ရေပျော်ငှက်များ လာရောက် ကျက်စားသည့်အရေးပါကာ ထိန်း သိမ်းသင့်သည့်ရေတိမ်ဒေသတစ် ခုဖြစ်သည်။

မြန်မာနိုင်ငံတွင် ရေတိမ်ဒေ သများစွာရှိသော်လည်း ရမ်ဆာ ရေတိမ်ဒေသအဖြစ် မိုးယွန်းကြီး အင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောတစ်ခုသာအတည်ပြုသတ် မှတ်ခြင်းခံရသည်။ ထို့အပြင် မုတ္တမပင်လယ် ကွေ့၊ မိန်းမလှကျွန်းတောရိုင်းတိ ရစ္ဆာန်ဘေးမဲ့တောကိုလည်း ရမ် ဆာရေတိမ်ဒေသအဖြစ် သတ် မှတ်နိုင်ရန် ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း သဘာဝ ၀န်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ သိရသည်။

7Day Daily

No comments:

Post a Comment