Wednesday 20 January 2016

ကလေးမြို့တွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ ဖွင့်မည်

ကလေးမြို့တွင် သူနာပြု နှင့် သားဖွားသင်တန်းကျောင်းများ မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သ တင်းရရှိသည်။
အဆိုပါ ဒေသတွင် သားဖွား သင်တန်းကျောင်းနှင့် သူနာပြု သင်တန်းကျောင်း မရှိခြင်းနှင့် ဆေးရုံများနှင့် ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရန် ရည် ရွယ်၍ ယခုနှစ်ဆန်း၌ ဖွင့်လှစ် နိုင်ရန် စီစဉ်ထားကြောင်း ကျန်း မာရေးဝန်ကြီးဌာနမှ ရုံးအဖွဲ့မှူး ဦးစိန်ဝင်းက ပြောသည်။

‘‘အဲဒီကျောင်းတွေမှာ သင် တန်းပေးထားတာတွေတော့ စနေ ပြီ။ ဖွင့်ဖို့အတွက်က ဒီဇန်န၀ါရီ လကုန်ပိုင်းဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဖေဖော်ဝါရီ လဆန်းလောက် ဖွင့် ဖြစ်အောင် စီစဉ်နေကြပါပြီ’’ ဟု ၎င်းက ပြောသည်။

သူနာပြုသင်တန်းကျောင်း တွင် သူနာပြု ၇၃ ဦးကို ၂၀၁၆-၁၈ အထိ မွေးထုတ်ပေးမည် ဖြစ်ပြီး သားဖွားသင်တန်းကျောင်းတွင် သားဖွားဆရာမ ၅၇ ဦးကို ၂၀၁၆-၁၇ အထိ မွေးထုတ်ပေး သွားမည်ဖြစ်သည်။

ထိုကဲ့သို့ မွေးထုတ်ပေးလိုက် ခြင်းဖြင့် ကျေးလက်နေ ပြည်သူ များ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိလာနိုင်ခြင်း၊ ရောဂါကာ ကွယ်ဆေး တိုက်ကျွေးရေးလုပ် ငန်းများနှင့် ကုသရေးလုပ်ငန်းများ တွင် ပိုမိုထိရောက်မှု ရှိလာခြင်း စသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆရာဝန် အချို့က သုံးသပ်သည်။

‘‘နိုင်ငံလူဦးရေအချိုးနဲ့ကြည့် ရင် သားဖွားဆရာမ ဦးရေတို့၊ သူ နာပြုဆရာမဦးရေတို့က အလွန် နည်းပါးနေသေးတယ်။ ကျေးရွာ လေး၊ ငါးရွာမှာ သားဖွားဆရာမ တစ်ယောက်လောက်ပဲ ရှိတယ်။ ဆေးရုံတွေမှာလည်း သူနာပြုအ ရေအတွက်က အရမ်းနည်းနေ တယ်။ ဆရာဝန်နဲ့ သူနာပြုဦးရေ က ၁ အချိုး ၂ ဖြစ်ရမယ်ဆိုရင် ခုဖြစ်နေတာက ၂ အချိုး ၀ ဒသမ ၅ လောက်ဖြစ်နေတယ်။ ဒီလိုမျိုး သင်တန်းကျောင်းတွေ များများ ဖွင့်ပေးပြီး လိုအပ်နေတဲ့အရေအ တွက်တွေကို ဖြည့်ဆည်းပေးမှ ပြည်သူတွေ ကျန်းမာရေးစောင့် ရှောက်မှုတွေ ပိုမို ရရှိနိုင်မှာပါ’’ ဟု အလုံမြို့နယ်မှ အထွေထွေ ရောဂါကု ဆရာဝန်တစ်ဦးက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး၌ပြီးခဲ့သည့်နှစ်ဒီဇင်ဘာ ၂ ရက်ကဖွင့်လှစ်ခဲ့သော နေပြည်တော်ရှိသူနာပြုနှင့် သားဖွားသင်တန်းကျောင်း နှစ်ကျောင်းအပါအ၀င် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း စုစုပေါင်း ၄၈ ခုရှိပြီးမကြာမီဖွင့် မည့်ကလေးမြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း နှစ်ခု နှင့်ဆိုလျှင် သင်တန်းကျောင်းအရေအတွက် ၅၀ ရှိလာမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment