Friday 22 January 2016

မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေး စတင်ဖွင့်လှစ်

မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး (ဓာတ်ပုံ − ဇင်မင်းဆွေ)
ရှမ်းပြည်နယ်မြောက် ပိုင်း မူဆယ်မြို့တွင် အကောင် အထည်ဖော် တည်ဆောက်နေ သည့် မူဆယ်ဗဟိုစီးပွားရေးဇုန် စီမံကိန်းပထမအဆင့်ဖြစ်သည့် မင်္ဂလာမူဆယ်လမ်းလျှောက်ဈေး ကို ဇန်န၀ါရီ ၁၉ ရက်က စတင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိ သည်။
မူဆယ် ဗဟိုစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ဖြစ်သည့် ဇုန် (၁)၊ အပိုင်း (A)၏ တည် ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီ ဖြစ်၍ လူနေဆိုင်ခန်း ၁၉၂ ခန်းပါဝင်သည့် မင်္ဂလာမူဆယ် လမ်း လျှောက်ဈေးကို စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်သည်ဟု မူဆယ်ဗဟို စီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော် တည်ဆောက်နေ သည့် နယူးစတားလိုက်ကုမ္ပဏီစီမံကိန်းဒါရိုက်တာ ဦးငွေစိုးက ပြောသည်။

‘‘မင်္ဂလာမူဆယ် လမ်း လျှောက်ဈေး Soft Openning ဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ် ငန်းတွေ ပြီးစီးတဲ့အတွက် ဆိုင် ခန်းဝယ်ယူထားသူတွေကို လွှဲ ပြောင်းပေးတာဖြစ်ပါတယ်’’ ဟု ဦးငွေစိုးက ပြောသည်။

မင်္ဂလာမူဆယ်လမ်းလျှောက်ဈေးဖွင့်ပွဲနှင့်အတူ တရုတ်-မြန်မာနယ်စပ် ကုန်စည်ပြပွဲနှင့် နယူးစတားလိုက်ကုမ္ပဏီက ဆောက်လုပ်လှူဒါန်းသည့် နိုင်ငံတကာအဆင့်မီမူဆယ်မြို့ပတ်လမ်း ဖွင့်ပွဲအခမ်းအနားတို့ကိုလည်း ကျင်းပပြုလုပ်ခဲ့သည်ဟု နယူးစတားလိုက်ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

မူဆယ်ဗဟိုစီးပွားရေးဇုန်စီ မံကိန်း (Muse Centreal BusinessDistrict) ကို ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဒေသန္တရဖွံ့ဖြိုးရေးစီမံကိန်း ကော်မတီနှင့် နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီတို့ အ ကျိုးတူပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ် စပ် ကုန်သွယ်ရေးမြို့ဖြစ်သည့် မူဆယ်မြို့အနီး ရွှေလီမြစ်ကမ်းနဖူးရှိ မြေဧက ၂၉၀ ကျော်ပေါ်တွင် ၂၀၁၃ မှ စတင်ကာ အကောင်အထည်ဖော် တည်ဆောက်နေခြင်းဖြစ်သည်။

မူဆယ် ဗဟိုစီးပွားရေးဇုန်စီမံကိန်း တည်ဆောက်မှုများကို အပိုင်း ခြောက်ပိုင်းခွဲခြားထားပြီး လူနေဆိုင်ခန်း၊ ဟိုတယ်၊ လမ်း လျှောက်ဈေး၊ အိမ်ရာ၊ ကျောက် မျက်ဈေးနှင့် စီးပွားရေးလုပ်ငန်း ဆိုင်ရာ အဆောက်အအုံများပါ ၀င်မည်ဖြစ်ကာ စီမံကိန်းတစ်ခု လုံး၏ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများ သည် လာမည့် ၂၀၁၇ တွင် ပြီးစီး မည်ဖြစ်ကြောင်းနှင့် မင်္ဂလာမူ ဆယ်လမ်းလျှောက်ဈေးစတင်ဖွင့် လှစ်ပြီးနောက် ကျောက်မျက်ဈေး နှင့် ကြယ်သုံးပွင့်အဆင့်အထက် ရှိ IBIS Style ဟိုတယ်တို့ကို လည်း ယခုနှစ်အတွင်း ထပ်မံဖွင့် လှစ်နိုင်မည်ဖြစ်ကြောင်း ဦးငွေစိုး က ပြောသည်။

စီမံကိန်းအကောင်အထည် ဖော်တည်ဆောက်မည့် မြေနေရာ များအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့သို့ မြေယာ အသုံးပြုခငွေ ကျပ်သိန်း ၁၉,၀၀၀ ကျော်ကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း အကျေ ပေးသွင်းရမည်ဖြစ်ကြောင်း နယူးစတားလိုက်ကုမ္ပဏီမှ သိရသည်။ ထို့အပြင်စီမံကိန်းဧရိယာအတွင်း ပါဝင်သော မြေယာများအတွက် လည်း မြေအမျိုးအစားပေါ် မူတည်၍ တစ်ဧကလျှင် ကျပ်သိန်း ၂၄၀နှင့် ၁၂၀ ကြား နစ်နာကြေးငွေ ပေးအပ်ခဲ့ပြီးဖြစ်သည်ဟု ကုမ္ပဏီ က ဆိုသည်။

သို့သော်စီမံကိန်းအကောင် အထည်ဖော်နေသည့် မြေဧက ၂၉၀ ကျော်နက် မြေ ၁၀ ဧက ခန့်မှာမူ နစ်နာကြေးလာရောက် ထုတ်ယူခြင်းမရှိသေးဘဲ ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း နယူးစတားလိုက် ကုမ္ပဏီတာဝန်ရှိသူများက ပြီးခဲ့ သည့် ဒီဇင်ဘာ၌ ပြောသည်။

မင်္ဂလာမူဆယ် လမ်း လျှောက်ဈေးဖွင့်ပွဲအထိမ်းအမှတ် အဖြစ် ဧရာဝတီဘဏ်နှင့် ပူး ပေါင်းကာ လူနေဆိုင်ခန်းဝယ်ယူ လိုသူများကို ခြောက်နှစ်အရစ် ကျငွေချေစနစ်ဖြင့် ရောင်းချပေး မည်ဖြစ်ကြောင်း နယူးစတား လိုက်ကုမ္ပဏီမှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment