Wednesday 20 January 2016

သတ်မှတ်နှုန်းထက် ပိုရောင်းသည့် စက်သုံးဆီဆိုင်များကို သတိပေးမည်ဖြစ်သော်လည်း အရေးယူရန် အစီအစဉ်မရှိ

စက်သုံးဆီဈေးနှုန်းသတ် မှတ်ချက်ထက် ပိုမိုရောင်းချသည့် ဆိုင်များကို သတိပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။နိုင်ငံတကာတွင် ရေနံစိမ်း ကျဆင်းနေပြီး ပြည်တွင်း စက်သုံးဆီဈေး လိုက်ပါကျဆင်းမှုမရှိသည့်အတွက် ဈေးနှုန်းလျှော့ချ ရောင်းချနိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA) က ဇန်န၀ါရီ ၁၈ ရက်တွင် အမြင့်ဆုံး ရောင်းချသင့်သည့် နှုန်းထားကိုအခြေခံသတ်မှတ်ပေးခဲ့သည်။
ယင်း သတ်မှတ်ဈေးနှုန်း ထက် ပိုမိုရောင်းချမှု မပြုလုပ်ရန် အသိပေးကြေညာထားပြီးနောက် လိုက်နာခြင်းမရှိသည့် အရောင်း ဆိုင်များကို သတိပေးသွားမည် ဖြစ်သော်လည်း အရေးယူရန် မရှိ ကြောင်း MPTA မှ ရုံးအဖွဲ့မှူး ဦး ၀င်းနိုင်က ပြောသည်။

‘‘ဒီလိုအမြင့်ဆုံးရောင်းချ သင့်တဲ့ နှုန်းကို လုပ်ငန်းရှင်တွေ သဘောတူညီချက်နဲ့ သတ်မှတ် လိုက်တာဖြစ်တဲ့အတွက် လိုက် နာကြမှာပါ။ ဈေးကွက်ယှဉ်ပြိုင် မှု ရှိနေတော့ တခြားဆိုင်တွေက လျှော့ပြီး ကိုယ်ကမလျှော့ရင် ကားသမားက အဲဒီဆိုင်ဘယ် ထည့်တော့မလဲ။ အကြောင်းအ မျိုးမျိုးကြောင့် ဈေးမလျှော့သေး ဘူးဆိုရင်တော့ ကျွန်တော်တို့က သူများဆိုင်တွေက ဘယ်လိုလျှော့ နေပြီဆိုတာမျိုး သတိပေးပြော တာမျိုး လုပ်မှာပေါ့။ အရေးယူ တာမျိုးတော့ လုပ်မရဘူး။ ၀ယ် ယူသူတွေက ရွေးချယ်ဆုံးဖြတ် သွားမှာပဲ’’ဟု ၎င်းက ပြောသည်။

စက်သုံးဆီဆိုင်များသည် ယခင်က ဒီဇယ်တစ်လီတာ ကျပ် ၆၀၀ ခန့်၊ အောက်တိန်း 92 တစ် လီတာ ကျပ် ၆၂၀ခန့်၊ အောက် တိန်း 95 တစ်လီတာ ၇၂၀ ကျပ် ခန့်ဖြင့် ရောင်းချနေရာမှ MPTA က ဒီဇယ်တစ်လီတာ ကျပ် ၅၀၀၊ အောက်တိန်း ၉၂ တစ်လီတာ ကျပ် ၅၅၀၊ အောက်တိန်း 95 တစ်လီတာ ကျပ် ၆၆၀ထက်မပို သော နှုန်းဖြင့် ရောင်းချရန် ကြေ ညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကြေညာချက် ကြောင့် ပြည်တွင်းစက်သုံးဆီဈေး ကွက်တွင် ဇန်န၀ါရီ ၁၈ ရက်ည နေကစ၍ တစ်လီတာလျှင် ၁၀၀ ကျပ်ခန့်စီ အရောင်းဆိုင် အချို့က စတင်လျှော့၍ရောင်းချမှုများရှိခဲ့သည်ဟု ယာဉ်မောင်းများက ပြောသည်။

ထိုသို့ဈေးနှုန်းသတ်မှတ်ပေး လိုက်ခြင်းကို စက်သုံးဆီအ ရောင်းဆိုင်များအနေဖြင့် လိုက် နာရမည်ဖြစ်ပြီး ဈေးကွက်ယှဉ် ပြိုင်မှုရှိနေခြင်းကြောင့် ဈေးတင် ရောင်းချသည့်ဆိုင်များ အကျိုးရှိ နိုင်မည်မဟုတ်ဟု စွမ်းအင်ဝန် ကြီးဌာန တိုင်းရောင်းဝယ်ရေး အရာရှိ ဦးတင်နိုင်စိုးက ဆိုသည်။

‘‘ဈေးချင်းတူနေတာတောင် တချို့ဆိုင်တွေက ရေဘူးပေး၊ ပု ဆိုးပေးနဲ့ ဆွဲဆောင်နေကြတာ။ အခုဈေးနှုန်းသက်မှတ်ပေးလိုက် တော့ မဖြစ်မနေလိုက်နာကြမှာ ပါ။ ပြိုင်ဆိုင်မှုဘယ်အထိခံမလဲ’’ ဟု ၎င်းက မှတ်ချက်ပြုသည်။

ဈေးနှုန်းချိန်ဆသတ်မှတ်မှု မှာ ရန်ကုန်ဆိပ်ကမ်းရောက်ဈေး ကို အခြေခံတွက်ချက်ထားခြင်း ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ရှိ အရောင်းဆိုင်များအနေဖြင့် လည်း ရန်ကုန်ဈေးနှုန်းနှင့် ထိန်း ညှိရောင်းချရန် စက်သုံးဆီတင် သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများသို့ MPTA က အသိပေးအကြောင်း ကြားထားသည်။

အခြား ဝေးလံခေါင်ဖျား ဒေ သများမှာမူ ခရီးအကွာအဝေး ကြောင့် ယခုသတ်မှတ်နှုန်းထား အတိုင်း ရောင်းချရန် အခက်အခဲ ရှိနိုင်ပြီး အများအားဖြင့် ရန်ကုန် ဈေးဖြင့် ထိန်းညှိရောင်းချမှုသာ ပြုလုပ်နိုင်မည်ဟု ဦးတင်နိုင်စိုး က ဆိုသည်။

7Day Daily

No comments:

Post a Comment