Wednesday 20 January 2016

အစိုးရချင်း သဘောတူညီမှုဖြင့် အင်ဒိုသို့ ဆန်တန်ချိန်ငါးသောင်း ရောင်းမည်

ပြည်ပသို့ တင်ပို့မည့် ဆန်များကို သယ်ဆောင်လာသော ဆန်အိတ်တင်ကားကြီးများ(ဓာတ်ပုံ−နစ်ကီ)
အစိုးရချင်း သဘောတူ ညီမှုဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဆန် တန်ချိန် ငါးသောင်းရောင်းချရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်မှ သတင်းရရှိ သည်။
မြန်မာနိုင်ငံ၏ ပြည်ပဆန် ဈေးကွက်သည် တရုတ်နိုင်ငံသို့ သာ အဓိက တင်ပို့နေရသဖြင့် အခြားနိုင်ငံများသို့လည်း တင်ပို့ ရောင်းချနိုင်ရန် မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်က စီစဉ်ခြင်းဖြစ် သည်။

‘‘အရင်ကလည်း အင်ဒိုကို ရောင်းဖူးပါတယ်။ အခုလည်း အ သင်းချုပ်က ဦးဆောင်ပြီး ရောင်း ဖို့ စီစဉ်နေတာပါ’’ ဟု ဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသို့ ဆန် ရောင်းချမှုသည် လက်ရှိ ပြည် တွင်းဆန်ဈေးနှုန်း၊ တရုတ်ဈေး ကွက်မှ ရောင်းချနေသည့် ဈေး နှုန်းတို့ထက် လျော့နည်းသည်။

ထို့အပြင် ဆန်ရောင်းချရာ တွင်လည်း ပစ္စည်းအပ်ပြီးနောက်မှငွေချေသည့်အကြွေးစနစ်ဖြစ်သည်။

သို့သော် တရုတ်နိုင်ငံအပြင် အခြားဈေးကွက်တစ်ခုကို ရှာဖွေ ခြင်းအဖြစ် အရှုံးခံရောင်းချရသည် ဟု ဆန်ကုန်သည် ဦးမျိုးသူရအေး က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသို့ အစိုးရ ချင်း သဘောတူညီမှုဖြင့် ၂၀၁၂ ကလည်း ဆန်တန်ချိန် ငါးသောင်း ရောင်းချခဲ့သည်။

ထိုစဉ်က တစ်နှစ်လျှင် ဆန် တန်ချိန် နှစ်သိန်းဝယ်ယူရန် အစိုး ရချင်း သဘောတူထားခဲ့သည်။

သို့သော် ပထမဆုံး တင်ပို့ ရောင်းချသည့် ဆန်တန်ချိန် ငါး သောင်းတွင် အရည်အသွေးညံ့ ဆန်များပါဝင်ခဲ့သဖြင့် နောက်ပိုင်း၌ ထပ်မံ တင်ပို့နိုင်ခြင်း မရှိခဲ့ပေ။

လက်ရှိ နိုင်ငံတကာဈေး ကွက်တွင် ဆန်ဈေးသည် တစ် တန်လျှင် ၁၀ ဒေါ်လာမှ ၁၅ ဒေါ် လာကြား ဈေးမြင့်လာသည်။

ထို့အပြင် ရေနံဈေး ကျဆင်း မှုကြောင့် သယ်ယူစရိတ်များ သက်သာလာသည်။ သို့သော် ပြည်တွင်းဆန်ဈေး မြင့်တက်နေ သဖြင့် နိုင်ငံတကာဈေးနှုန်းဖြင့် ရောင်းချပါက အကျိုးအမြတ် နည်းနိုင်ကြောင်း ဆန်ကုန်သည် များက ပြောသည်။

လက်ရှိ ပြည်တွင်းဈေးကွက် တွင် ဆန်ဈေးသည် လက်လီဈေး ကွက်မှ အ၀ယ်များသော အရည် အသွေးကောင်းသည့် တန်းမြင့်ဆန်များ ဈေးနှုန်းမြင့်တက်လာသည်။

ယင်းဆန်တစ်အိတ်၏ ဈေး နှုန်းသည် ရက်ပိုင်းအတွင်း ကျပ် ၁၀၀၀ မှ ၂၀၀၀ ကြား မြင့်တက် လာသည်။

ဆန်ဈေးမြင့်တက်သကဲ့သို့ စပါးဈေးနှုန်းသည်လည်း တင်း ၁၀၀ လျှင် အမျိုးအစားပေါ်မူတည် ၍ ကျပ်ငါးသိန်းကိုးသောင်းမှ ခြောက်သိန်းကိုးသောင်းကြား ဈေးရှိနေသည်။

7Day Daily

No comments:

Post a Comment