Friday 22 January 2016

မန္တလေးတွင် ကျန်းမာရေးထောက်ခံချက်မရှိဘဲ ရောင်းနေသည့် ရေသန့်လုပ်ငန်း ၁၀ ခု ထပ်မံတွေ့ရှိ

မန္တလေးမြို့လယ်နှင့်နာရီစင်ကိုအပေါ်စီးကတွေ့ရစဉ်-ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
မန္တလေးတွင် သောက် ရေသန့်ထုတ်လုပ်ရောင်းချနေ သည့်လုပ်ငန်းများကို ရှောင်တခင် ၀င်ရောက်စစ်ဆေးရာမှ ကျန်းမာ ရေးထောက်ခံချက်မရှိဘဲ ရောင်း ချနေသည့် သောက်ရေသန့်လုပ် ငန်း ၁၀ခုတွေ့ခဲ့ရကြောင်း မန္တလေး တိုင်း အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ သတင်းရရှိသည်။
‘‘အခုက FDA ထောက်ခံ ချက်မရှိဘဲ ထုတ်လုပ်ရောင်းချနေ တဲ့ ရေသန့်လုပ်ငန်း ၁၀ခုကို ယာ ယီထုတ်လုပ်ရောင်းချမှု ရပ်ဆိုင်း ဖို့ လက်မှတ်ထိုးခိုင်းခဲ့တယ်။ ပြီး တော့ အဲဒီရေသန့်လုပ်ငန်းတွေ က ရေနမူနာတွေကို စမ်းသပ်စစ် ဆေးလို့ သောက်သုံးရန်မသင့်ဘူး ဆိုရင် FDA ကနေ နိုင်ငံပိုင်သ တင်းစာတွေကနေထုတ်ပြန်ကြေ ညာမယ်’’ဟု မန္တလေးတိုင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန(FDA) ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာကျော် ကျော်က ပြောသည်။

ရှောင်တခင်စစ်ဆေးသည့် သောက်ရေသန့်များ၏ ဈေးကွက် နမူနာစစ်ဆေးချက်ရလဒ်ထွက်ရှိ ပါက FDA ကသတ်မှတ်ထားသည့် စံညွှန်းများနှင့် ကိုက်ညီမှုမရှိလျှင် ထုတ်လုပ်ရောင်းချခွင့် ရပ်ဆိုင်း မည်ဖြစ်ပြီး FDA ထောက်ခံချက် ရရှိပြီးမှသာ ပြန်လည်ရောင်းချခွင့် ပြုမည်ဟု ဒေါက်တာကျော်ကျော် က ဆက်လက်ပြောကြားသည်။

‘‘အစားအသောက်လုပ်ငန်း နဲ့ ပတ်သက်ရင် စက်မှုလုပ်ငန်း လိုင်စင်တစ်ခုတည်းရှိတာနဲ့မရ ဘူး။ FDA က စစ်ဆေးပြီးလို့ ထောက်ခံချက်ရရှိမှသာ ကျန်းမာ ရေးအတွက် စိတ်ချရမှာ။ အဲဒီ တော့ FDA ထောက်ခံချက်မရရှိတဲ့ လုပ်ငန်းတွေကို စည်ပင်ဥပဒေနဲ့ အရေးယူဆောင်ရွက်မယ်။ နောက် မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ ခရိုင်မြို့တွေမှာပါ ဆက် လက်စစ်ဆေးသွားမယ်’’ဟု ၎င်းက ဆိုသည်။

အဆိုပါ သောက်ရေသန့် လုပ်ငန်းများ၏ ဈေးကွက်တွင် ရောင်းချနေသော ရေသန့်နမူနာ များကို FDAဌာနမှ ဓာတုဆေးဝါး စစ်ဆေးခြင်းနှင့် အဏုဇီဝစစ်ဆေးခြင်းတို့ အဓိကပြုလုပ်ရာတွင် အဏုဇီဝစစ်ဆေးခြင်း၌ ပိုးတွေ့ရှိ မှုအများဆုံးဖြစ်ကြောင်း နေပြည် တော်(FDA) ရုံးချုပ်မှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဒေါက်တာစိန် သောင်းက ပြောကြားသည်။

သောက်ရေသန့်အတွက် FDA ၏ ထောက်ခံချက်ကို သက် တမ်း ၂ နှစ်ပေးထားရာ တစ်နိုင်ငံ လုံးတွင် FDA ထောက်ခံချက်ရရှိ ထားသည့် သောက်ရေသန့်လုပ် ငန်းပေါင်း ၈၀၀ ကျော် ရှိပြီး မန္တလေးတိုင်းတွင် ၁၂၁ ခု ထောက်ခံချက်ရရှိထား၍ စိစစ်ဆဲ ရေသန့်လုပ်ငန်း ၃၇ ခုရှိကြောင်း သိရသည်။

‘‘ကျွန်တော်တို့နားလည်ထား တာက သောက်ရေသန့်ရောင်း မယ်ဆိုရင် ရေသန့်စက်တွေဝယ် ပြီး ရေပြန်ရောင်းတာပဲ။ ဒါပေမဲ့ FDA ထောက်ခံချက်ရအောင်၊ ကျန်းမာရေးနဲ့ကိုက်ညီအောင် ဘယ်လိုထုတ်လုပ်ရောင်းချရမလဲ ဆိုတာကို မသိဘူး။ ဒီလိုရှောင် တခင်စစ်ဆေးတာတွေထက်စာ ရင် ရေသန့်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဦးဆောင်ပြီး ပညာပေးမှုများများ လုပ်ပေးဖို့လိုအပ်မယ်လို့ ထင်ပါ တယ်’’ဟု ပြည်ကြီးတံခွန်မြို့နယ် ရှိ သောက်ရေသန့်လုပ်ငန်းပိုင်ရှင် တစ်ဦးက ၎င်း၏အမြင်ကို ပြော သည်။

ရေသန့်ရှောင်တခင်စစ် ဆေးရေးအဖွဲ့သည် ၂၀၁၅ နိုဝင် ဘာ ပထမပတ်တွင် ပထမဆုံးအ ကြိမ်အဖြစ် မန္တလေးတွင် သောက် ရေသန့်လုပ်ငန်း ၁၁ ခုကို ရှောင် တခင်စစ်ဆေးခဲ့ပြီး ရေရလဒ်စစ် ဆေးမှု စံချိန်မမီသောကြောင့် ဒီဇင်ဘာ ၁ရက်မှစ၍ ထုတ်လုပ် ရောင်းချခွင့်လိုင်စင်ပိတ်သိမ်းခဲ့ ကြောင်း မန္တလေးတိုင်းမြို့တော် စည်ပင်သာယာရေးကော်မတီကထုတ်ပြန်ကြေညာခဲ့သည်။

7Day Daily

No comments:

Post a Comment