Friday 22 January 2016

နိုင်ကျဉ်းများ လွှတ်ပေးရန် ကန်နိုင်ငံခြားရေးဒုဝန်ကြီး တိုက်တွန်းချက် ထိရောက်မည်ဟု ယုံကြည်ကြောင်း နိုင်ကျဉ်းအဖွဲ့ပြော

နိုင်ငံရေးအကျဉ်းသား များလွှတ်ပေးရန်အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီး၏ တိုက်တွန်းချက် ထိရောက်မှုရှိမည်ဟု ယုံကြည်ကြောင်းနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (FPPS)မှ နိုင်ငံရေးအကျဉ်းသားရေးရာကော်မတီအတွင်းရေးမှူး ဦးထွန်းကြည်ကပြောသည်။
ကန်နိုင်ငံခြားရေးဒုဝန်ကြီး အန်တိုနီဘလန်ကင်က မြန်မာ နိုင်ငံခရီးစဉ် နောက်ဆုံးနေ့ဖြစ် သည့် ဇန်န၀ါရီ ၁၈ရက် နေ ပြည်တော်၌ ပြုလုပ်သည့်သတင်း စာရှင်းလင်းပွဲတွင် လက်ရှိအစိုးရ အနေဖြင့် လက်ကျန်သက်တမ်း အတွင်း အကြောင်းအမျိုးမျိုး ကြောင့် ထောင်ဒဏ်ချမှတ်ခံထား ရသည့် နိုင်ကျဉ်းများ လွှတ်ပေးရန် တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးပြောသွားတာရှင်းရှင်း လေးပါ။ နိုင်ကျဉ်းနဲ့ ပတ်သက် ပြီး ဘယ်သူ့မှာတာဝန်ရှိတယ်ဆို တာ လက်ရှိအစိုးရအဖွဲ့အသိဆုံးပါ။ အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီးက ဦးသိန်းစိန်အစိုးရသက်တမ်းမကုန်ဆုံးခင်ကစပြီး ဖိအားပေးတဲ့ အတွက် ထိရောက်မယ်လို့ထင်ပါ တယ်။ နိုင်ကျဉ်းတွေကိုလည်း လွှတ်ပေးမယ်လို့ မျှော်လင့်ပါ တယ်’’ဟု ဦးထွန်းကြည်ကပြော ကြားသည်။

အန်တိုနီဘလန်ကင်သည် မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံ တော်သမ္မတဦးသိန်းစိန်၊အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

လက်ရှိအကျဉ်းထောင်များ တွင်ထောင်ဒဏ်ချမှတ်ခံထားရ သည့် နိုင်ငံရေးအကျဉ်းသားစုစု ပေါင်း ၁၂၆ဦးရှိပြီး တရားရုံး၌ တရားရင်ဆိုင်နေရသည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကျောင်းသား ကျောင်းသူ၊ အလုပ်သမား၊လယ် သမား၊ ၀န်းရံပြည်သူစုစုပေါင်း ၄၀၅ဦး ကျန်ရှိနေသေးကြောင်း FPPS အဖွဲ့က ထုတ်ပြန်ထား သည်။

ကန်နိုင်ငံခြားရေးဒုဝန်ကြီး အနေဖြင့် ၂၀၁၅ရွေးကောက်ပွဲအ လွန်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ် ပြောင်းလဲနေသည့် နိုင်ငံရေးအ ခြေအနေများကို လာရောက်နား ထောင်ပြီး ဖြစ်သင့်ဖြစ်ထိုက်သည့် အချက်များကိုလက်ရှိအစိုးရ သက်တမ်းမကုန်ဆုံးမီတွင် ဖိ အားပေးတိုက်တွန်းပြောကြားခဲ့ ကြောင်း ဦးထွန်းကြည်က ပြောသည်။

‘‘အပစ်အခတ်ရပ်စဲရေး သ ဘောတူစာချုပ်တွေ၊ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံတွေကျင်း ပပေမယ့် နိုင်ကျဉ်းကိစ္စကို အခုထိ မျက်နှာလွှဲခဲပစ်လုပ်နေတုန်းပဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်အောက်ကနေ နိုင်ကျဉ်း တွေကို ကဏ္ဍတစ်ခုအဖြစ်ဆွေး နွေးမှုမရှိသေးတာဟာ မေးခွန်း ထုတ်စရာဖြစ်နေပါတယ်။ နိုင် ကျဉ်းတွေများလာလေလေလူ့အ ခွင့်အရေးချိုးဖောက်ခံရမှုတွေ များလာလေလေပါပဲ’’ဟု ၎င်းက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားများ ကို ခြွင်းချက်မရှိပြန်လည်လွှတ် ပေးရန် ရည်ရွယ်ချက်ချင်းတူညီသည့်အဖွဲ့အစည်းများ၊လူပုဂ္ဂိုလ်များ၊ နိုင်ငံတကာမှအဖွဲ့အစည်းများ၊ သံရုံးများ၊ သံတမန်များ၊ မြန်မာ့အရေးကို စိတ်ဝင်စားနေသည့် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂစသည့်အဖွဲ့များနှင့် ချိတ်ဆက်ကာလက်ရှိအစိုးရကို ဖိအားပေးရန် ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ကြောင်း ဦးထွန်းကြည်က ပြောသည်။

‘‘အသစ်တက်လာမယ့်အစိုး ရက ပြည်သူလူထုစိတ်ကြိုက်ရွေး ချယ်တင်မြှောက်ထားတဲ့အတွက် နိုင်ကျဉ်းကိစ္စကို ဘာလုပ်ပေးရ မယ်ဆိုတာ သိပါတယ်။ နိုင်ကျဉ်း တွေကို လွှတ်ပေးဖို့၊ မတရားမှု တွေအားလုံးရုပ်သိမ်းပြီးတော့ တ ရားမျှတမှုတွေလုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်’’ဟု နိုင်ကျဉ်း ဟောင်းဦးဇော်မြင့်ကပြောသည်။

7Day Daily

No comments:

Post a Comment