Wednesday 20 January 2016

မြ၀တီမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ

မြ၀တီမြို့တွင် ဇန်န၀ါရီ ၁၉ ရက် နံနက် ၈ နာရီခန့်က သေ နတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးကျည်ထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း မြ၀တ်ီ ခရိုင်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မြ၀တီမြို့ ဘုရင့်နောင်လမ်း မကြီး စည်ပင်လမ်းဆုံတွင် ယင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အမျိုးသားတစ်ဦး ကား မောင်းလာစဉ် အခြားအမျိုးသား တစ်ဦးက ကားဖြင့်နောက်မှလိုက် လာပြီး ဘေးချင်းကပ်လျက် အ နေအထားမှ သေနတ်ဖြင့်ပစ် သောကြောင့် လည်ပင်းတွင် ဒဏ် ရာရရှိသွားခြင်းဖြစ်ကြောင်း မြ၀ တီခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီးမိုးညို က ပြောသည်။

ဒဏ်ရာရသူ အမျိုးသားကို မြ၀တီမြို့တစ်ဖက်ကမ်း ထိုင်း နိုင်ငံ မဲဆောက်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ကုသနေပြီး သေနတ် ဖြင့် ပစ်ခတ်သူကို ဖမ်းဆီးနိုင်ရန် မြို့အ၀င်၊ အထွက်လမ်းများ ပိတ်ဆို့စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ရရှိသော သေနတ်ဒဏ်ရာ ကို စစ်ဆေးချက်အရ ပြစ်မှုကျူး လွန်သူက မစ္စတိုသေနတ်ဖြင့် ပစ် ခတ်သွားခြင်းဖြစ်ပြီး ဒစ်ရာအခြေ အနေ စိုးရိမ်စရာ မရှိတော့ ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

7Day Daily

No comments:

Post a Comment