Friday 22 January 2016

ဒေသအများစုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်

တိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုမှ လွဲ၍ မြန်မာနိုင်ငံဒေသအနှံ့တွင် ဇန်န၀ါရီ ၂၁ ရက်မှ၍တစ်ပတ်အတွင်း အချိန်အခါမဟုတ်မိုး ရွာသွန်းနိုင်ကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။
တရုတ်နိုင်ငံဘက်မှ လေပွေ လှိုင်းများနှင့် ဘင်္ဂလားပင်လယ် အော်မှ တိမ်တိုက်များမြန်မာနိုင်ငံ ဘက်ရွေ့လျားလာ၍ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှလွဲ၍ ကျန်ဒေသများတွင် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်သောကြောင့် စိုက်ပျိုးရေးတောင်သူများ သတိပြုသင့်ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။‘‘ဒီအချိန်က တောင်သူတွေ အနေနဲ့ မိုးလိုတာရှိတယ်။ မလို တာရှိတယ်။ ဒါကို သတိပြုဖို့တော့လိုတာပေါ့’’ဟု ၎င်းက ပြောသည်။ဇန်န၀ါရီ ၂၁ ရက် ညနေက မြန်မာနိုင်ငံဒေသအချို့တွင် မိုးရွာသွန်းမှုများရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကချင်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် မိုးရွာခဲ့ကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ်မိုးညှင်းမြို့နယ်မှ တောင်သူ ဦးစန်းလွင်က ၎င်းတို့မြို့တွင် မိုးအနည်းငယ်ရွာခဲ့သော်လည်း စပါးများရိတ်သိမ်း ခြွေလှေ့ပြီးဖြစ်၍ ဆုံးရှုံးမှုမရှိခဲ့ကြောင်း ပြောသည်။

ယခုနှစ် ဆောင်းရာသီတွင် ဒေသအချို့ပုံမှန်ထက် အအေးပို နေပြီး မြန်မာနိုင်ငံအနှံ့ လေးကြိမ် မြောက်စံချိန်တင်မှုအဖြစ် မိုးမိတ် မြို့၌ ဇန်န၀ါရီ ၂၁ ရက်က စံချိန်တင်အအေးပိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ် မိုးမိတ်မြို့တွင် ၂၀၁၅ ဇန်န၀ါရီ ၁၃ ရက်က မှတ် တမ်းတင်ခဲ့သည့် ၆ ဒီဂရီစင် တီဂရိတ်ကို ၅ဒသမ၈ ဒီဂရီစင်တီ ဂရိတ်ဖြင့် အအေးစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ ယခင် သုံးကြိမ်မှာ ရမည်းသင်းမြို့တွင် နှစ်ကြိမ်နှင့် ကြို့ပင်ကောက်မြို့တွင် တစ်ကြိမ်စံချိန်တင်အအေးပိုခဲ့ခြင်း ဖြစ် သည်။

7Day Daily

No comments:

Post a Comment