Friday 22 January 2016

ရာသီပြောင်းလဲမှုကြောင့် စိုက်ခင်းများတွင် ထိုင်ဝမ်ဆီးသီး အရွယ်အစား သေးငယ်ပြီး ဈေးကျ

မုံရွာမြို့ အရှေ့ဘက်ကုန်း မြင့်ပိုင်း ဒေသများတွင် စိုက်ပျိုး သော ဆီးသီးစိုက်ခင်းများသည်ရာသီဥတုပြောင်းလဲမှုကြောင့်ဆီးသီးအရွယ်အစားသေးငယ်ပြီး ဈေးကျဆင်းခဲ့ကြောင်း ထိုင်ဝမ် ဆီးသီး စိုက်တောင်သူများက ပြောကြားသည်။
၂၀၁၅ နှစ်ဆန်းပိုင်း ထိုင်ဝမ် ဆီးသီးဈေးကွက် ၀င်ရောက်ချိန် တွင် အရွယ်အစားသေးငယ်သော ဆီးသီးတစ်တင်းလျှင် ကျပ်တစ် သောင်းနှစ်ထောင်ကျော် ဈေးရရှိ ခဲ့ရာမှ ယခုနှစ် ထိုင်ဝမ်ဆီးသီးဈေး ကွက်သို့ စတင်ဝင်ရောက်ချိန်၌ ကျပ်ခုနစ်ထောင်ခန့်ဖြင့်သာ အ ရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း မုံရွာ ဒေသခံ ထိုင်ဝမ်ဆီးသီးစိုက်တောင်သူများက ပြောသည်။

‘‘ဆီးပန်း လှိုင်လှိုင်ပွင့်ချိန် (၂၀၁၅ သြဂုတ်လ) တုန်းက မိုး သည်းသည်းရွာလို့ ဆီးပန်းတွေ ကြွေတယ်။ ထိုင်ဝမ်စိုက်ခင်းတွေ မှာဈေးကွက်ဝင် ဆီးပန်းသီး(အ ရွယ်အစားကြီးသော ဆီးသီး)အ ထွက်နည်းတယ်။ ဆီးပုလဲ (သေး ငယ်သော ဆီးသီး) တွေအထွက် များလို့ ဈေးကျသွားတာပါ’’ ဟု လယ်ဇင်ကျေးရွာဒေသခံ ထိုင်ဝမ် ဆီးသီးစိုက် တောင်သူ ဦးမောင်ကြီးက ပြောသည်။

မုံရွာမြို့နယ်အတွင်းစိုက်ပျိုး သော ထိုင်ဝမ်ဆီးသီးစိုက်ခင်းများ မှ အရွယ်အစားကြီးမားသောထိုင် ၀မ်ဆီးပန်းသီးနှင့် အရွယ်အစား သေးငယ်သည့် ထိုင်ဝမ်ဆီးပုလဲ စသည့် အရွယ်အစား အလိုက်ခွဲ ခြားရောင်းချပြီး မုံရွာဈေးကွက်မှ ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ တမူး၊ ကလေးနှင့် ချင်းတွင်းမြစ်အထက် ပိုင်းဒေသများသို့ နှစ်စဉ် ဒီဇင်ဘာ မှ မတ်လအထိ တင်ပို့ရောင်းချ သည်။

‘‘ဒီနှစ် ထိုင်ဝမ်ဆီးပုလဲတွေ အထွက်များတော့ ပေါ်ခါစတစ် တင်း ကျပ်ခုနစ်ထောင်ဈေးကနေ ဆက်ကျဖို့ပဲရှိတယ်။ ထိုင်ဝမ်ဆီး ပန်းသီးကတော့ အထွက်နည်းတာ ကြောင့်အရင်နှစ်ဈေးအတိုင်းဈေး မကျဘူး။ ဂျပ်ဖာတစ်ပုံးငါးထောင် ကနေ ခြောက်ထောင်ဝန်းကျင် တော့ရတယ်။ ဒါပေမဲ့ အရင်ဆီး ပန်းသီးဂျပ်ဖာတစ်ပုံးကအလုံး ၇၀ ပဲရှိတာ။ ဒီနှစ်အရွယ်အစားသေး တော့ ဂျပ်ဖာတစ်ပုံး ဆီးသီးအလုံး တစ်ရာကျော်လောက်ပါတယ်’’ ဟုမုံရွာမြို့ဒေသခံ ဆီးသီးရောင်း ၀ယ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မုံရွာမြို့နယ် ကုန်းမြင့်ပိုင်း ဒေသ သဲဆန်သော ယာမြေများ ပေါ်တွင် မိရိုးဖလာဆီးသီးစိုက်ပျိုး ရေး လုပ်ငန်းများ၌ ၁၉၉၇ က ထိုင်ဝမ် ဆီးသီးစိုက်ခင်းများအဖြစ် ကိုင်းကူးကိုင်းဆက်နည်းဖြင့် ပြောင်းလဲစိုက်ပျိုးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်ခန့်က မုံရွာမြို့နယ်အ တွင်း ထိုင်ဝမ်ဆီးသီးစိုက်ခင်းဧက ၃၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်အတွင်း ထိုင်ဝမ်ဆီးသီးစိုက်ခင်းဧက ၁၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း ထိုင် ၀မ်ဆီးသီးစိုက်ပျိုးသော တောင်သူ များကပြောသည်။

7Day Daily

No comments:

Post a Comment