Wednesday 20 January 2016

မန္တလေး-မြစ်ကြီးနား စာပို့ရထားစက်ခေါင်း မီးလောင်

မန္တလေးမှ မြစ်ကြီးနား သို့ ထွက်ခွာလာသော အဆန်စာ ပို့ရထားသည် မိုးညှင်းဘူတာသို့ မရောက်မီ ကာဒူဘူတာအနီးတွင် ရထားစက်ခေါင်းမီးလောင်ခဲ့ပြီး လောင်ကျွမ်းချိန် နာရီဝက်ကြာ မြင့်ခဲ့ကြောင်း မန္တလေးတိုင်း ဘူ တာကြီးမှ သတင်းရရှိသည်။
ဇန်န၀ါရီ ၁၈ ရက်တွင် မန္တ လေးမှ မြစ်ကြီးနားသို့ထွက်ခွာလာ သည့် အမှတ်(၄၁) အဆန်စာပို့ ရထား၊စက်ခေါင်းအမှတ် DF- 1308 သည် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် စတင် မီးလောင်ခဲ့ပြီး ၂ နာရီ မိနစ်၅၀ တွင် မီးငြှိမ်းသတ်နိုင် ခဲ့ကြောင်း မြန်မာမီးရထားမန္တလေး ဘူတာရုံပိုင်ချုပ်ကြီး ဦးညိမ်း မောင်ကပြောသည်။

‘‘လူတွေ ထိခိုက်မိတာမရှိပါ ဘူး။ ရထားစက်ခေါင်း အင်ဂျင် မီးလောင်တာဖြစ်တဲ့အတွက်ပျက် စီးမှုတန်ဖိုးတွေရော၊ ဆုံးရှုံးမှုတန်ဖိုး ဘာမှတော့ အသေအချာပြောလို့မရသေးပါဘူး’’ဟုဦးညိမ်းမောင်ကပြောသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းသည် ၂၀၁၅ သြဂုတ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ယင်းရထားလမ်းပိုင်းတစ်လျှောက်ရှိ အချို့နေရာအများစုကို ရေတိုက်စားမှုများရှိခဲ့ပြီး ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ထားသည်မှာမကြာသေးပေ။

7Day Daily

No comments:

Post a Comment