Monday 25 January 2016

ဆည်မြောင်းတာတမံ ခံနိုင်ရည် စစ်ဆေးနိုင်မည့် စက်ကိရိယာ ၁၅၀ နယ်သာလန် လှူဒါန်း

နယ်သာလန် နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကဆည်မြောင်း တာတမံများ ၏ မြေသားနှင့် ခံနိုင်ရည်ကို စစ် ဆေးနိုင်သည့် စက်ကိရိယာ ၁၅၀ ကို မြန်မာနိုင်ငံရှိ ဆည်မြောင်း ဦး စီးဌာနသို့ ဇန်န၀ါရီ ၂၀ ရက်က ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။ပြီးခဲ့သည့် ၂၀၁၅ က ဖြစ် ပေါ်ခဲ့သည့် ရေကြီးနစ်မြုပ်မှုအန္တ ရာယ်များ ကြုံတွေ့ခဲ့ရသည့် တာ တမံများနှင့် ဧရာဝတီမြစ်ဝကျွန်း ပေါ်ဒေသရှိ တမံများကိုစမ်းသပ် စစ်ဆေးနိုင်ပြီး ရေလွှမ်းမိုးမှုများ ကို တားဆီးကာကွယ်နိုင်ရန် Pri-kstok မြေသား အရည်အသွေး တိုင်းတာသည့် ကိရိယာများကို အကူအညီပေးခြင်းဖြစ်ကြောင်းနယ်သာလန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာနက ထုတ်ပြန်သည်။ အဆိုပါကိရိယာများသည် တာတမံများရှိ မြေလွှာအတွင်း ရေစိမ့်လွှာများ၊ ကြွက်တွင်းနှင့်ခြ တွင်းများကို ရှာဖွေနိုင်ပြီးမြေသား ခိုင်မာမှုရှိ၊မရှိ တိုင်းတာနိုင်သည့် ကိရိယာများဖြစ်သည်။

၂၀၁၃ မေလက မြန်မာနှင့် နယ်သာလန်နှစ်နိုင်ငံကြား ရေ အရင်းအမြစ် ဆိုင်ရာစီမံခန့်ခွဲမှု အတွေ့အကြုံများ၊ နည်းပညာ များနှင့် ရေလွှမ်းမိုးမှုများကို ထိန်း ချုပ်စီမံနိုင်ရန် နှစ်နိုင်ငံ ရေအရင်း အမြစ်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရန် သဘောတူခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံ တွင် တာတမံများ စစ်ဆေးထိန်းသိမ်းရာ၌ ပိုမိုထိရောက်ရန် အဆိုပါကိရိယာများ ပေးအပ်ခြင်း ဖြစ် ကြောင်း နယ်သာလန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs.Reina Buijs က ဆိုသည်။

မြစ်များတစ်လျှောက် ရေ ဘေးကင်းရန် တာတမံများဖြင့် ကာထားရသည့် ဧရာဝတီတိုင်း အတွင်းရှိ မြို့များတွင် ပြီးခဲ့သည့် နှစ်ရေကြီးစဉ်က တာတမံများ မကျိုးပေါက်ရန် ဂရုစိုက်ဆောင် ရွက်ခဲ့ရသည်။ ညောင်တုန်းမြို့ တွင် မြစ်ရေမြင့်တက်ခဲ့ခြင်းကြောင့် ရေကြီးနိုင်မှုအန္တရာယ်ကို လိမ္မော်ရောင်အဆင့်ကြေညာခဲ့ပြီး ကျန်မြို့အချို့၌လည်း စောင့်ကြည့်မှုများပြုလုပ်ခဲ့ရသည်။

နယ်သာလန်နိုင်ငံမှာလည်း မြန်မာကဲ့သို့ မြစ်ဝကျွန်းပေါ်ဒေသ များတည်ရှိပြီး နှစ်ပေါင်းများစွာ ရေလွှမ်းမိုးမှုများ ကြုံတွေ့ကြရ ကြောင်း၊ ယခုကိရိယာများမှာ နယ်သာလန်တွင် နှစ်ပေါင်းများ စွာ အသုံးပြုနေသည့် ကိရိယာ များဖြစ်ကြောင်း သိရသည်။
7 day

No comments:

Post a Comment