Monday 25 January 2016

မန္တလေးတိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးနှစ်ရက်ကျင်းပမည်

ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော်၏ အ ထူးအစည်းအဝေးကို ဇန်န၀ါရီ ၂၆ ရက်မှစတင်ကာ နှစ်ရက်ကြာ ကျင်းပမည်ဟု သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီး၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရ အသုံးဘတ်ဂျက်နှင့်ဒေသန္တရ စီမံကိန်းဥပဒေများ အတည်ပြု ပြဋ္ဌာန်းနိုင်ရန် ဇန်န၀ါရီ ၂၆ ရက် နှင့် ၂၇ ရက်တွင် လွှတ်တော်အ ထူးအစည်းအဝေးကျင်းပမည်ဖြစ် ပြီး ကိုယ်စားလှယ်တစ်ဦးချင်းစီကို အသိပေး အကြောင်းကြားထား ကြောင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

‘‘ဘတ်ဂျက်နဲ့ ဒေသန္တရဥပ ဒေ အတည်ပြုပြဋ္ဌာန်းနိုင်ဖို့ အထူး အစည်းအဝေးခေါ်တာပါ။ ရက်မ ကြာဘူး။ နှစ်ရက်ပဲ။ ဥပဒေတွေ အတည်ပြုဖို့ပေါ့’’ဟု မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောကြားခဲ့ သည်။

ဒီဇင်ဘာက ကျင်းပခဲ့သည့် ပထမအကြိမ် မန္တလေးတိုင်းဒေသ ကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မန္တလေးတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေအရ အ သုံးဘတ်ဂျက်နှင့် မန္တလေးတိုင်း ဒေသကြီးဒေသန္တရ စီမံကိန်း ဥပဒေဆွေးနွေးခဲ့ပြီး ပြည်ထောင် စုလွှတ်တော်သို့ တင်ပြခဲ့သည်။

ယင်းဥပဒေနှစ်ရပ်ကို ပြီးခဲ့ သည့် ဇန်န၀ါရီ ၁၉ ရက်တွင် ပြည်ထောင်စုလွှတ်တော်က သ ဘောတူခွင့်ပြုခဲ့၍ မန္တလေးတိုင်း ဒေသကြီးလွှတ်တော်က အတည် ပြုပေးရခြင်းဖြစ်သည်။

ပထမအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော်နှင့် လွှတ် တော် ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၃၁ ရက်တွင် ငါးနှစ် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေးများကို ဖေဖော်ဝါရီ ၈ ရက်တွင် စတင်မည် ဖြစ်သည်။
7 day

No comments:

Post a Comment