Wednesday 20 January 2016

ယခု ဘတ်ဂျက်နှစ် ကျန်းမာရေးအသုံးစရိတ် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိ၊ ယခင်နှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်းလျော့ကျ

ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် စောင့်ဆိုင်းနေသော လူနာများအား တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျန်းမာရေး အသုံးစရိတ်လျာထားချက်သည် ၃ ဒသမ ၈၉ ရာခိုင်နှုန်းသာရှိပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ထက် ၀ ဒသမ ၀၂ ရာခိုင်နှုန်း လျော့ကျသွား ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်မှ ကျန်းမာရေးအ သုံးစရိတ်သုံးစွဲမှုကို နှိုင်းယှဉ်ကြည့် လျှင် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်အ တွင်း၌ ၁ ဒသမ ၀၇ ရာခိုင်နှုန်း သာရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ် အတွင်း၌ ၃ ဒသမ ၉၁ ရာခိုင်နှုန်း အထိ သိသာစွာ တိုးမြှင့်သုံးစွဲခဲ့ ကြောင်း ယခု ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်အတွင်း အသုံးစရိတ်အတွက် လျာထားချက်၌ ၃ ဒသမ ၈၉ ရာ ခိုင်နှုန်းသာတွေ့ရသဖြင့် ယမန် နှစ်ထက် လျော့ကျသွားပြီး မဖြစ် သင့်ကြောင်း ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဝင် ဦးမြင့်ဦးက ပြောသည်။

‘‘ကျန်းမာရေးအသုံးစရိတ် တိုးရမယ့်အစား လျော့သွားတာ သိပ်သဘောမတွေ့ဘူး။ ဘာလို့ လဲဆိုတော့ ကျန်းမာရေးဝန်ထမ်း တွေ တိုးခန့်ရမယ်။ ဆေးရုံတွေ အဆင့်မြှင့်ရမယ်။ ဆေးဝါးကုသမှု တွေ ပိုပြီး နိုင်ငံတော်က တာဝန်ယူရမယ်။ တစ်နှစ်ထက်တစ်နှစ် ကျန်းမာရေးအသုံးစရိတ်ကို တိုးပေးရ မယ်။ အခုဟာက အိမ်နီးချင်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် ကျန်း မာရေးအသုံးစရိတ်ဟာ နည်းလွန်းအားကြီးတယ်’’ဟု ဦးမြင့်ဦးက ပြောသည်။ အသုံးစရိတ်လျော့နည်း သွားလျှင် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ၌ လျော့ကျ သွားမည့်သဘောရှိကြောင်း၊ အ ခြေခံအဆောက်အအုံဆောက် လုပ်ခြင်း၊ ဆေးဝါးဝယ်ယူခြင်းများ ၌ လျော့နည်းသွားနိုင်သည့် အ လားအလာမြင်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဆရာဝန်ကြီးတစ်ဦးက မှတ်ချက် ပြုသည်။

‘‘ရန်ကုန်ပြည်သူ့ဆေးရုံကြီး အနေနဲ့ လက်ရှိ အခမဲ့ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဘတ်ဂျက်နည်းတဲ့အတွက် လျော့သွားစရာအကြောင်းမရှိဘူး။ ဒီအ တိုင်းပဲရအောင် စီစဉ်ဆောင်ရွက် သွားမှာပါ’’ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဦးအေးကိုကိုက ကျန်း မာရေးအသုံးစရိတ်လျော့သော် လည်း ဝန်ဆောင်မှုလျော့မည်မ ဟုတ်ကြောင်း ပြောကြားသည်။

အစိုးရ၏ကျန်းမာရေးအသုံး စရိတ်တိုးမြှင့်သုံးစွဲမှုကို ၂၀၁၃- ၁၄ ဘဏ္ဍာနှစ်က စတင်ခဲ့ပြီး နောက် အစိုးရဆေးရုံကြီးများ၌ ကျန်းမာရေးဝန်ဆောင်မှုများ သိ သိသာသာတိုးလာခဲ့သည်။ ရန် ကုန်ပြည်သူ့ဆေးရုံကြီး၌ လူနာ များအား ဆေးဝါးအချို့အခမဲ့ပေး ခဲ့ပြီး ကင်ဆာဝေဒနာရှင်များအား လိုအပ်သောဆေးဝါးများ အခမဲ့ ပေးသည်။ အရေးပေါ် လူနာအ တွက် ဓာတ်မှန်ရိုက်ခြင်း၊ အာထ ရာဆောင်းရိုက်ခြင်း၊ CT Scan ရိုက်ခြင်း၊ ECG ဆွဲခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုအချို့အား အခမဲ့ဆောင် ရွက်ပေးထားသည်။ ထို့အပြင် မျက်စိ အထူးကုဆေးရုံကြီး၌လည်း ကုသမှုခံယူသည့်လူနာများ အားလုံးအား ဆေးဝါး အခမဲ့ ပေးခြင်း၊ ဗဟိုအမျိုးသမီးဆေးရုံ၌လည်း သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်းကို အခမဲ့ပြုလုပ်ပေးနေပြီး တခြား ကျန်းမာရေးဝန်ဆောင်မှုများလည်းပြုလုပ်ပေး လျက်ရှိသည်။

‘‘ဘတ်ဂျက်အနည်းငယ် လျော့သွားမယ်ဆိုရင်လည်း သိပ် ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ပါဘူး။ ဆိုလိုတာက အ ဆောက်အအုံဆောက်လုပ်မယ့် အသုံးစရိတ်တွေမှာ လျှော့ချပြီး ဆေးဝါးတို့ ဓာတ်ခွဲပစ္စည်းဝယ်ယူ တာတွေမှာ ပိုမှာပေါ့။ ဒါတွေက စီမံခန့်ခွဲသူတွေအပေါ်မှာ မူတည် ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသ ကြီး ကျန်းမာရေးဝန်ကြီး ဌာန ပြည် သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဒေါက်တာဝင်းလွင် က ပြောသည်။

ယခုလို ကျန်းမာရေးအသုံး စရိတ်ကို တိုးမြှင့်လိုက်သဖြင့် ကျန်းမာရေးဝန်ဆောင်မှုပိုင်း၌ တိုးတက် ကောင်းမွန်လာသော် လည်း အာဆီယံဒေသတွင်း နိုင်ငံ များနှင့်ယှဉ်လျှင် ထပ်၍တိုးမြှင့် သုံးစွဲရန် လိုအပ်နေသေးကြောင်း တွေ့ရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် ဂျီဒီပီ၏ ၃ ဒသမ ၅ ရာခိုင် နှုန်းကို ကျန်းမာရေးအတွက် သုံး စွဲနေချိန်၌ မြန်မာနိုင်ငံတွင် ၂ ရာ ခိုင်နှုန်းသာ သုံးစွဲနေကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၌ ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ သုံးစွဲကြောင်း သိ ရသည်။

7Day Daily

No comments:

Post a Comment