Wednesday 20 January 2016

အာဆီယံစွမ်းအင် ၀န်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံတွင် ကျင်းပမည်

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် အာဆီယံစွမ်းအင်ဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ယခုနှစ် အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သတင်းရရှိသည်။
အာဆီယံစွမ်းအင်ဝန်ကြီး အဆင့်အစည်းအဝေးကို မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယ အကြိမ်ကျင်းပခွင့်ရရှိခြင်းဖြစ်ပြီး ပထမအကြိမ်အစည်းအဝေးကို ၂၀၀၇ က ကျင်းပခွင့်ရရှိခဲ့သည်။

အဆိုပါအစည်းအဝေးတွင် အာဆီယံနိုင်ငံများ၌ လက်ရှိရင် ဆိုင်နေရသော စွမ်းအင်ထုတ်လွှတ်မှုအခြေအနေ၊ နယ်စပ်ဖြတ်ကျော်ဂက်စ်ပိုက်လိုင်းများနှင့် အကျိုးတူ စီးပွားရေးလုပ်ငန်းများကြောင်း တွေ့ဆုံဆွေးနွေးကြမည် ဟု သတင်းရရှိသည်။

‘‘ဒီအစည်းအဝေးကျင်းပနိုင် ဖို့ ညှိနှိုင်းအစည်းအဝေးတွေ ဖေ ဖော်ဝါရီ ၂ ရက်အထိ လုပ်ဖို့ရှိပါ တယ်။ အစည်းအဝေးနဲ့အတူ အာ ဆီယံ စွမ်းအင်ဆိုင်ရာပြိုင်ပွဲကို လည်း ပြုလုပ်သွားမှာပါ’’ဟု စွမ်း အင်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါအစည်းအဝေးကို ယခုနှစ်စက်တင်ဘာတွင် နေပြည် တော်၌ သုံးရက်ကြာပြုလုပ်သွား မည်ဟု သတင်းရရှိသည်။ အာဆီယံဝန်ကြီးများဆိုင်ရာ အစည်းအ ဝေးနှင့် ဆက်စပ်အစည်းအဝေး များအပြင် ဒေသတွင်း စွမ်းအင် အသုံးချမှုဆိုင်ရာ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ အပြင် ပြိုင်ပွဲများလည်း ကျင်းပ သွားမည်ဟု သတင်းရရှိသည်။

ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်း များ၊ စွမ်းအင်ထိရောက်စွာ အသုံးပြုထားသော အဆောက်အအုံ များ၊ အဆောက်အအုံများနှင့် စက်ရုံများ၏ အကောင်းဆုံးစီမံခန့်ခွဲမှု စနစ်၊ စိမ်းလန်းအဆောက်အအုံ များပြိုင်ပွဲခေါင်းစဉ်ဖြင့် မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သ ဘာဝဓာတ်ငွေ့ကဏ္ဍတွင် အများ ဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး ယခုလက်ရှိယင်းနိုင်ငံအတွင်း သုံးစွဲနေသော လျှပ်စစ်ဓာတ်အား၏ ၇၀ ရာခိုင် နှုန်းကျော်သည် မြန်မာနိုင်ငံမှ ၀ယ်ယူနေခြင်းဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးအပိုင်းတွင် ထိုင်းနိုင်ငံနည်းတူ အခြားအာဆီ ယံနိုင်ငံများလည်း မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံကြသည်။

7Day Daily

No comments:

Post a Comment