Wednesday 20 January 2016

'တူးပို့'စာလုံးအား သုံးစွဲနေမှု ရပ်တန့်မည်ဟု ထုတ်ပြန်ကြေညာ

Tuborg Beer ၏ 'တူးပို့'ဟူသော စာလုံးပေါင်းအား ဈေးကွက်တွင်း ဆက်လက်သုံးစွဲမှုကို ရပ်တန့်မည်ဖြစ်ကြောင်း Myanmar Carlsberg ကုမ္ပဏီက ဇန်န၀ါရီ ၁၉ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
'တူးပို့'ဟူ၍ စကားလုံးပေါင်းမှုအပေါ် ဆရာမြို့မငြိမ်း၏ မိသားစုဝင်များမှ တောင်းဆိုချက်အပါအ၀င် ယေဘုယျအားဖြင့် အငြင်းပွားနေမှုများကြောင့် မိမိတို့အနေနှင့် 'တူးပို့'စကားလုံးအား ဈေးကွက်တွင်း ဆက်လက်သုံးစွဲမှုမှ ရပ်တန့်မည်ဖြစ်သည်။ အနာဂတ်တွင်လည်း အခြားသောလွဲမှားစွာအနက် ဖွင့်ဆိုခြင်းမှ ရှောင်ရှားရန်အတွက် ဒိန်းမတ်နိုင်ငံမှ မူရင်းအမှတ် တံဆိပ် ဖြစ်သော "Tuborg"ကိုသာ မြန်မာနိုင်ငံတွင် သုံးစွဲသွားမည်ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအချိန်မှ စတင်၍ လိုအပ်သောပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်မည်ဖြစ်ပြီး သင်္ကြန်ချိန်ခါမတိုင်မီ ပြီးစီးနိုင်ရန် ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း၊ စနစ်တကျဆောင်ရွက်ရ မည်ဖြစ်သည့် အတွက် လုပ်ငန်းစဉ်များပြီးဆုံးသည်အထိ နားလည်လက်ခံစေလိုကြောင်း၊ မြန်မာ့ထင်မြင်ချက်များအား အစဉ်လေးစား၍ မြန်မာဈေးကွက်တွင် မျှတပြီးပွင့်လင်းမြင်သာမှုရှိသော စီးပွားရေးကျင့်ထုံးကိုသာ ကျင့်သုံး လိုကြောင်းတို့ကိုလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment