Thursday 28 May 2015

နမ့်စန်မြို့နယ်မှာ တပ်သားသစ်စုဆောင်းတာကြောင့် ထွက်ပြေးသူတွေ များလာနေ

ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အဖွဲ့က ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်နဲ့ နမ့်စန်မြို့နယ် တွေ ကကျေးရွာတွေမှာ တပ်သားသစ် အတင်းအဓမ္မစုဆောင်းနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ လူငယ်တွေဟာ နမ့်စန်မြို့မှာ ခိုလှုံနေကြပြီး ဒီကနေ့အထိ တစ်ထောင် နီးပါးလောက်ရှိမယ်လို့ ထွက်ပြေး လာကြသူ လူငယ်တွေက ပြောပါတယ်။

နမ့်စန်မြို့နယ် နောင်ဘို၊ ဈေးကုန်း၊ လိုင်းခါး၊ ဥမာန်၊ ငိုကောင် စတဲ့ရွာ တွေမှာ RCSS/SSA အဖွဲ့က တပ်သားစု ဆောင်းတဲ့အတွက် အဲဒီကျေးရွာ တွေက လူငယ်တွေ လူလတ်တွေ ထွက်ပြေးတိမ်းရှောင်နေကြ တာဖြစ်ပါတယ်၊

နမ့်စန်မြို့အောင်ဇဗ္ဗူကျောင်းတိုက်မှာ ထွက်ပြေးတိမ်းရှောင်လာသူ အယောက်၉၀ ကျော်ရှိပြီဖြစ်ပြီး ထမ်းဆန်းစေတီတော်၊ လွိုင်လင်မြို့နဲ့ ဆွေမျိုးအိမ်တွေမှာ တိမ်းရှောင်နေကြသူ တစ်ထောင်နီးပါးလောက်ရှိ မယ်လို့ ခန့်မှန်းပြောကြပါတယ်။

RFA Burmese 

No comments:

Post a Comment