Saturday 30 May 2015

အမျိုးသား လုံခြုံရေးအေဂျင်စီ၏ ထောက်လှမ်းရေး အစီအစဉ်ကို အသစ်ရေးရန် ကွန်ဂရက်ကို အိုဘားမားတိုက်တွန်း


အမေရိကန်သမ္မတအိုဘားမားက အမျိုးသားလုံခြုံရေးအေဂျင်စီ NSA၏ အငြင်းပွားဖွယ် ဖုန်းမှတ်တမ်းများဖမ်းယူခြင်းကို ခွင့်ပြုပေးမည့် ဥပဒေပြဌာန်းချက်သစ်ကို ကွန်ဂရက်က ရေးဆွဲပြဌာန်းရန်တိုက်တွန်းလိုက်သည်။
”ဒါကို သူတို့လုပ်ဆောင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ မြန်မြန်ဆန်ဆန်လုပ်ရမှာဖြစ်ပါတယ်။”အိုဘားမားကပြောခဲ့သည်။ တိုင်းချစ်ပြည်ချစ် ဥပဒေစီမံချက်များ ကိုကျယ်ပြန့်အောင် မလုပ်ဆောင်ပါက NSA ၏ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးကြိုးစားမှုများကို ခက်ခဲအကျပ်ရိုက်စေမည်ဖြစ်ကြောင်း အိုဘားမားက သတိပေး သည်။
တိုင်းချစ်ပြည်ချစ်ဥပဒေ ပုဒ်မ ၂၁၅ တွင် NSA ကို တယ်လီဖုန်းနှင့် စီးပွားရေးမှတ်တမ်းများကို အကြမ်းဖက်နှိမ်နင်းရေးစုံစမ်းမှုအရ ဖမ်းယူစုဆောင်းခွင့်ပြုထားသည်။
မေ ၃၁ ရက် ညသန်းခေါင်တွင် သက်တမ်းကုန်ဆုံးမည့် ယင်းပုဒ်မကို ဆီနိတ်လွှတ်တော်က မေ ၂၃ ရက်တွင် ပယ်ချခဲ့ခြင်းဖြစ်သည်။
”ကျွန်တော်တို့တွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့လုပ်ထားရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဆီးနိတ်မှာ ဒီဥပဒေကို အတည်ပြု လုပ်ဆောင်ခြင်း မရှိလို့ ကျွန်တော်တို့က NSA ရဲ့ တန်ပြန်အကြမ်းဖက်နှိမ်နင်းရေးတွေကို ရိုးရှင်းလွယ်ကူစွာ မလုပ်နိုင်ဘဲဖြစ်ရမှာပါ။” အိုဘားမားက ပြောခဲ့သည်။
Ref: Press TV

No comments:

Post a Comment