Friday 29 May 2015

ယူတူး ဂီတအဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေရေး ခရီးစဉ် မန်နေဂျာ ဒန်းနစ်(စ်)ရှီးဟန် ကွယ်လွန်

အိုင်းရစ် ဂီတအဖွဲ့ ယူတူးသည် ၎င်းတို့အဖွဲ့၏ လှည့်လည်ဖျော်ဖြေရေး ခရီးစဉ် မန်နေဂျာ ဒန်းနစ်(စ်)ရှီးဟန် ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ဒန်းနစ်(စ်)ရှီးဟန် သည် ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ခြင်း ဖြစ်ပြီး နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း ယူဆရသည်။

 အဆိုတော် ဘိုနိုက “ကျွန်တော်တို့အတွက် မိသားစုဝင်တစ်ဦး ဆုံးရှုံးသွားတာပါ။ သူဟာ ဂီတစီးပွါးရေးမှာ အံ့မခန်း စွမ်းဆောင်ရှင် တစ်ဦး ဖြစ်ရုံသာမက ကျွန်တော်တို့ ဂီတအဖွဲ့အတွက်လည်း အံ့မခန်း စွမ်းဆောင် ရှင်တစ်ဦး ဖြစ်ခဲ့ပါတယ်” ဟု ဆိုခဲ့သည်။

ဒန်းနစ်(စ်)ရှီးဟန်သည် ယူတူးဂီတအဖွဲ့နှင့် နှစ်ပေါင်း ၃၀ ကျော် လက်တွဲ အလုပ်လုပ်ခဲ့သူ ဖြစ်သည်။

လက်ရှိကာလမှာ ယူတူးအဖွဲ့အနေဖြင့် ကမ္ဘာလှည့် ဖျော်ဖြေရေး နောက်ဆုံး ခရီးစဉ် ပြုလုပ်နေချိန်ဖြစ်ပြီး လော့(စ်)အင်ဂျလိ(စ်) တွင် ဂီတပွဲများ ပြုလုပ်နေချိန် ဖြစ်သည်။

ဗုဒ္ဓဟူးနေ့ညက ဂီတပွဲတွင် ယူတူးအဖွဲ့သားများသည် ဗွီဒီယိုဖန်သားပြင်ပေါ်မှ ဒန်းနစ်(စ်)ရှီးဟန် အား ဂါရဝ ပြုခဲ့ကြကြောင်း Billboard သတင်းထောက် Shirley Halperin က ပြောခဲ့သည်။

REF : BBC

No comments:

Post a Comment