Friday 29 May 2015

ကွယ်လွန်သူ ဘလူး(စ်) ဂီတဘုရင် ဘီဘီကင်းအား ဂုဏ်ပြုသည့် အနေဖြင့် တန်နက်ဆီရှိ လမ်းပေါ်တွင် လူများ စီတန်းလှည့်လည်ခဲ့

ဘလူး(စ်)ဂီတဘုရင်ဘီဘီကင်း ယခုလအတွင်းတွင် ကွယ်လွန်သွားခဲ့ရာ ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ် အဖြစ် ဗုဒ္ဓဟူးနေ့က တန်နက်ဆီရှိ လမ်းများပေါ်တွင် လူများ စီတန်းလှည့်လည်ခဲ့ကြသည်။

အမေရိကန် ဘလူး(စ်)ဂီတ၏ သင်္ကေတတစ်ခုဖွယ်ဖြစ်သည့် Beale လမ်းတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်၌ ဒစ်စီလန်း ဂျပ်(ဇ်) ဂီတအဖွဲ့ တစ်ဖွဲ့ သည် ဘီဘီကင်း၏ နိဗ္ဗာန်ယာဉ် ရှေ့မှနေ၍ စီတန်း လမ်းလျှောက်ခဲ့ကြသည်။

ဘီဘီကင်းမှာ မေလ ၁၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ဘီဘီကင်း သေဆုံးမှုနှင့် ပတ်သတ်၍ အဆိပ်ကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်း ဘီဘီကင်း၏ သမီးများ အနက်မှ နှစ်ဦးက ပြောဆိုခဲ့ရာ ထိုကိစ္စနှင့် ပတ်သတ်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှု တစ်ရပ် ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။

ဘီဘီကင်း အဆိပ်သင့်ကာ အချိန်မတန်မီ သေဆုံးရန် အဆိပ်သင့်စေမည့် ဆေးများကို ဘီဘီကင်း၏ စီးပွါးရေး မန်နေဂျာဖြစ်သူ Laverne Toney က ပေးခဲ့ခြင်း ဖြစ်ကြောင်း ဘီဘီကင်း၏ သမီးနှစ်ဦးဖြစ်သူ Karen Williams နှင့် Patty King တို့က စွပ်စွဲခဲ့ကြခြင်း ဖြစ်သည်။

REF : BBC

No comments:

Post a Comment