Friday 29 May 2015

ကယ်လီဖိုးနီးယား တက္ကသိုလ်က ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို မိတ်ဆက်

ကယ်လီဖိုးနီးယား တက္ကသိုလ် သုတေသနဌာနက ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို စတင်မိတ်ဆက် ခဲ့သည်ဟု CNET သတင်းက ဖော်ပြထားသည်။

ပျံသန်းနိုင်သည့် စက်ရုပ်ငှက်ကို H2Bird ဟု အမည်ပေးထားသည်။ ယင်း စက်ရုပ်တွင် စတင်ပျံသန်းရန် ဘီးအဖြစ် အသုံးပြုရာ၌ “C” ပုံသဏ္ဍာန် ခြေထောက်များကို အသုံးပြုထားပြီး ယင်းခြေထောက်များသည် တစ်စက္ကန့်လျှင် ၄ ဒသမ ၉ မီတာနှုန်းအထိ ပြေးလွှားနိုင်မည် ဖြစ်သည်။

စက်ရုပ်ငှက်၏ အမြန်နှုန်းသည် ယင်းစက်ရုပ်နှင့် အရွယ်အစားတူသည့် စက်ရုပ်များ၏ အမြန်နှုန်းကို စံချိန် ချိုးနိုင်ခဲ့သည်ဟုလည်း CNET သတင်းတွင် ဖော်ပြထားသည်။

H2Bird စက်ရုပ်ငှက်သည် အလေးချိန် ၃၂ ဂရမ်ရှိမည်ဖြစ်ပြီး ၁၃ ဒသမ ၂ ဂရမ်ကို သယ်ဆောင်သွား နိုင် မည်ဖြစ်သည်။ လေထဲ၌ ပျံသန်းချိန်တွင် အမြန်နှုန်း တစ်စက္ကန့်လျှင် ၂ ဒသမ ၇ မီတာ ရှိမည်ဖြစ်သည်ဟု CNET သတင်းက ဆိုသည်။

ယင်း စက်ရုပ်ငှက်၏ ဒီဇိုင်းမှ ပျံသန်းနိုင်သည့် ကား အပါအ၀င် အခြားစက်ပစ္စည်းများအတွက် ဆင့်ပွား ဒီဇိုင်းများ ပြုလုပ်နိုင်လိမ့်မည်ဟုလည်း ပညာရှင်များက ဆိုထားသည်။ လက်ရှိအချိန်တွင် ပျံသန်းနိုင်သည့် ကားများကို စမ်းသပ်ထုတ်လုပ်နေပြီး ယင်း ဒီဇိုင်းများသည် ပျက်ကျမှုများ ဖြစ်ပွားခဲ့သည်။ လက်ရှိ မိတ်ဆက်သည့် ပျံသန်းနိုင်သည့် စက်ရုပ်ငှက်၏ ဒီဇိုင်းသည် ပျံသန်းနိုင်သည့် ကားများ ထုတ်လုပ်ရန် အထောက်အကူ ပေးနိုင်လိမ့်မည်ဟုလည်း သတင်းများက သုံးသပ်ဖော်ပြကြသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment