Thursday 28 May 2015

ယူကေတွင် ကမ္ဘာ့အကြီးဆုံးဇိမ်ခံသင်္ဘောကြီးတည်ဆောက်နေ

ယူကေတွင် ကမ္ဘာ့အကြီး ဆုံး ဇိမ်ခံသင်္ဘောကြီး တစ်စင်း ကို တည် ဆောက်နေသည်။ ထိုသင်္ဘောကြီး ကို ဒီဇိုင်းပုံစံရေးဆွဲ သူမှာ ထင်ရှား သော ခရစ္စတိုဖာဆီမာဖြစ်သည်။

ထိုသင်္ဘော၏ ကုန်ကျစရိတ်မှာအ နည်းဆုံးအမေရိကန်ဒေါ်လာသန်း ၇၇ဝရှိမည်ဟုသိရသည်။ အဆိုပါဇိမ်ခံ သင်္ဘောကြီးကို Double Century ဟု အမည်ပေး ထားသည်။ အလျား ၆၅၆ ပေရှည်၍ အမြင့်ရေမျက်နှာပြင် အထက် ၈၈ ပေရှိမည်။ ၄င်း၏ အကျယ်မှာ ဘောလုံးကွင်း တစ်ကွင်းထက်နှစ်ဆ ကြီးမည်ဟု သိရသည်။

ထိုဇိမ်ခံသင်္ဘောကြီးသည် ဆောက်ပြီးလျှင် ကမ္ဘာ့အကြီးဆုံးဇိမ် ခံသင်္ဘောကြီးဖြစ် မည်။ ထိုသင်္ဘော ကြီးတွင် အထပ်ကိုးထပ်ပါရှိမည်။ ရဟတ်ယာဉ်ကွင်းနှစ်ကွင်းပါရှိမည်။

ထိုသင်္ဘောကြီးကို ဆောက်လုပ် ပြီးလျှင် ဖလော်ရီဒါပြည်နယ် Fort Lauderdale အခြေစိုက်သင်္ဘောပွဲ စား 4 Yacht မှ တစ်ဆင့်ရောင်းချ မည်ဟုသိရသည်။

Ref: Daily Mail
Democracytoday‬

No comments:

Post a Comment