Thursday 28 May 2015

ပျားအကောင် တစ်သန်းကျော်ကို ကိုယ်ခန္ဓာမှာ နားစေပြီး အပြုံးမပျက်ဘဲ ဆေးလိပ် သောက်ပြခဲ့

ပျားအကောင် တစ်သန်းကျော်ကို ကိုယ်ခန္ဓာမှာ နားစေပြီး စံချိန်သစ်တင်ဖို့ ကြိုးစားခဲ့သူက တရုတ်နိုင်ငံ၊ တိုင်ရှန်မြို့မှာ နေထိုင်တဲ့ အသက် (၅၅)နှစ်အရွယ် ဂါအိုပဲ ဖြစ်ပါတယ်။ ဂါအိုဟာ ပျားမွေးမြူရေး လုပ် ငန်းလုပ်ကိုင်သူဖြစ်ပြီး ပျားတွေနဲ့ လက်ပွန်း တတီးနေထိုင်လာတာ (၃၅)နှစ်ကျော်ရှိ သွားခဲ့ပြီဖြစ်ပါတယ်။


ဂါအိုကို တိုင်ရှန်မြို့ရဲ့ ပျားဘုရင်လို့ လူသိများကြပါတယ်။ ပြီးခဲ့ တဲ့တနင်္လာနေ့မှာ  ဂါအိုဦးဆောင်တဲ့ ပျားမွေး သူတွေဟာ ကိုယ်ခန္ဓာ မှာပျားကောင်ရေ ဘယ်လောက်စွဲနိုင်သလဲဆိုတဲ့ စံချိန်တစ် ရပ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဂါအိုဟာ ပျားဘုရင်မတွေကို ကိုယ်ခန္ဓာမှာ နားစေပြီး နောက် အခြား ပျားတွေကို လာနားဖို့ ဆွဲဆောင်ခဲ့ ပါတယ်။ သုံးနာရီခန့် ကြာပြီးတဲ့ နောက်မှာ ဂါအို ကိုယ်ခန္ဓာမှာ ပျားတွေနေရာလပ် မရှိအောင် ဖြစ်သွားခဲ့ပါ တယ်။ ပျား ကောင်ရေ  (၁ ဒသမ ၁)သန်းကျော် လာရောက်နားခဲ့ တာကြောင့် အလေးချိန်က ကီလို(၁၀၀)နီးပါးရှိခဲ့ ပါတယ်။ ဂါအိုဟာ ကိုယ်ခန္ဓာမှာ ပျားအများဆုံး နားစေတဲ့ စံချိန်ကိုရဖို့ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပျားတွေနား နေချိန်မှာ ဂါအိုဟာ အပြုံးမပျက်ဘဲ ဆေးလိပ် ကိုတောင် သောက်ပြ ခဲ့ပါတယ်။ ဒါပေမဲ့ ဂါအိုဟာ ပျားတုပ်ခံရတဲ့ အကြိမ် အရေအတွက်က (၂၀၀၀)ကျော် အထိရှိခဲ့တယ်လို့ သိရပါတယ်။

Messenger News Journal 

No comments:

Post a Comment