Saturday 30 May 2015

မြိတ်ကျွန်းစုတွင် ဟိုတယ်ဆောက်ရန် ထိုင်းလုပ်ငန်းရှင်အချို့ ကမ်းလှမ်းထားဟုဆို

ထိုင်းလုပ်ငန်းရှင်အချို့ က မြိတ်ကျွန်းစုတွင် ဟိုတယ် တည်ဆောက်ရန် ကျွန်းတစ်ကျွန်း ကို တောင်းဆိုထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သတင်းရရှိသည်။
မြိတ်ကျွန်းစုရှိ ကျွန်းတစ် ကျွန်းကို အစိုးရထံမှ နှစ် ၅၀ ငှားရမ်းမည်ဖြစ်ပြီး လက်ရှိတွင် တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်း နေသည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

‘‘ဟိုတယ်ကြီးပဲ အလုံးလေး ဆယ်ကျော်လောက် ဆောက်မယ် လို့ ပြောတယ်။ စီမံကိန်းက နှစ် ပိုင်းပါတယ်။ လေယာဉ်ကွင်းပါ ပါမယ်လို့ ပြောတယ်။ မြေငှားဖို့ ကျတော့ ဒေသဆိုင်ရာ အစိုးရနဲ့ ပဲဆိုင်တော့ အရင်ညှိနှိုင်းခိုင်းထား တာပါ’’ဟု ဒေါက်တာစိုင်းကျော် အုန်းက ပြောသည်။

တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ရပါက ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနက ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့တင်ပြရန် ထောက်ခံပေးမည်ဖြစ် ကြောင်း မြိတ်ကျွန်းစုသည် ခရီးသွားလုပ်ငန်းအတွက် နေရာသစ်ဖြစ်ပြီး မတို့မထိရသေးသော သဘာဝပတ်ဝန်းကျင် နေရာများ ရှိပြီး Ecotourism (ဂေဟစနစ် ခရီးသွားလာရေး) နှင့် ရေကူးသမားများအတွက် အဓိကနေရာဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ မြိတ်ကျွန်းစုဘက် တွင် ပြည်တွင်းလုပ်ငန်းရှင် ဟို တယ်သာ အများစုဖြစ်ပြီး နိုင်ငံ ခြားပိုင် ဟိုတယ်နည်းပါးကာ နိုင်ငံခြားသားများကို ခွင့်ပြုလုပ်ကိုင် ပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်သည်ဟု မြိတ်မြို့မှ ကိုစိုးရန်အောင်က ပြော သည်။ ‘‘ထိုင်းသူဌေးတွေက ဒီဘက် က ကျွန်းတွေကို အကြောင်းပြုပြီး စီးပွားရှာနေတာ ရှိတယ်။ တကယ်လို့ အခုလို အလုပ်ကြီးသာ ခွင့်ပြု မယ်ဆိုရင် ဒီဘက်ကလူတွေ ထိုင်းဘက်ကို အလုပ်သွားလုပ်စရာ မလိုဘဲ အလုပ်အကိုင်တွေ ရလာ နိုင်တယ်’’ဟု ၎င်းက ပြောသည်။

ယင်းစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့် ကျွန်း များတွင် မှီခိုနေထိုင်သည့် သက်ရှိ များပျက်စီးမှာ စိုးရိမ်မိကြောင်း ကော့သောင်းမြို့မှ ကိုအောင်ပြည့်ဖြိုးက ပြောသည်။

မြိတ်ကျွန်းစုတွင် ကျွန်းစု ၈၀၀ ကျော်ရှိပြီး နိုင်ငံခြားသား ၀င်ရောက်ခွင့်ကို ၁၉၉၆ ၌ ခွင့် ပြုခဲ့ပြီး ၂၀၁၄ တွင် နိုင်ငံခြား သား ၂,၅၀၀ ဦးကျော် ၀င်ရောက်ခဲ့ သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။
7 day
ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာနိုင်သည့် မြိတ်ကျွန်းစု (hotels-aroundtheglobe.info)

No comments:

Post a Comment