Sunday 31 May 2015

ရေသောက်နေစဉ် ဂိုးသွင်းခံလိုက်ရတဲ့ ဂိုးသမား ၈ဝ၆၄ဒေါ်လာ ဒဏ်ရိုက်ခံရ

တရုတ်နိုင်ငံမှာ ရေသောက်လို့ တစ်ဂိုးပေးလိုက်ရတဲ့ဂိုးသမားက သူ့ရဲ့အသင်း ကို ပြန်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဂိုးသမားကတော့ Sui Weijie လို့ အမည်ရပြီး Chongqing Lifan အသင်း မှာ ကစားနေတာဖြစ်ပါတယ်။
Sui Weijie ဟာ ပြီးခဲ့တဲ့တနင်္ဂနွေ နေ့က ကစားခဲ့တဲ့ စူပါလိဂ်ပွဲမှာ သူ့ရဲ့ပေါ့ဆမှု ကြောင့် ဂိုးပေးခံခဲ့ရပါတယ်။ အဲဒါကတော့ သူ ဟာ ဂိုးပေါက်ရှေ့မှာမနေဘဲ ဂိုးတိုင်ဘေးမှာ ရေသောက်နေလို့ပဲဖြစ်ပါတယ်။
Sui Weijie ရဲ့ ပေါ့ဆမှုကြောင့် အသင်းက ၈ဝ၆၄ဒေါ်လာ ဒဏ်ရိုက်ခဲ့တယ် လို့ သိရပါတယ်။

Ref: UPI
Yangon Media Group

No comments:

Post a Comment